ဇူလိုင်လအတွင်း ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဝှမ်းဒေသတွေမှာ မိုးကြီးရေလျှံခဲ့ပြီး အောက်ပိုင်းဒေသတွေမှာ ဆက်ပြီးရွာသွန်းနေတာကြောင့် ဧရာဝတီမြစ်အပါအဝင် ချင်းတွင်း၊ ငဝန်၊ ဒုဋ္ဌဝတီနဲ့ တိုးမြစ်တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လာနေလို့ ဧရာဝတီမြစ်အောက်ပိုင်းကျေးရွာတချို့မှာ အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
ဒုသမ္မတ Kamala Harris ကို လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ သမ္မတ Biden က ထောက်ခံအဆိုပြုပြီးနောက် ဒိမိုကရက်လွှတ်တော်အမတ်တွေ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့ အလှုရှင်တွေရဲ့ ထောက်ခံမှုတွေ သိသိသာသာ တိုးလာပါတယ်။ မြန်မာ့အနွယ် အမေရိကန်နိုင်ငံသားတချို့ရဲ့ အမြင်တွေ ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
"အခုလက်ရှိက ငြိမ်သွားပြီခင်ဗျ။ စဉ့်ကူးမှာမရှိတော့ဘူး၊ မရှိတော့ဘူးဆိုပေမယ့် မနေ့က စဉ့်ကူးအနီးလေးကိုမှ တံတားဦးကတက်လာတဲ့ ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာရှိတယ်။ မြေပြင်အခြေအနေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စီးထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။" (မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
သမ္မတဟောင်းထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားတဲ့ဖြစ်ရပ်ဟာ အင်မတန်အကျည်းတန်ပြီး ဒီလို နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ အမေရိကန်ပြည်ထောင်စုနေ မြန်မာနွယ်အသိုင်းအဝိုင်းတွေကလည်း တုံ့ပြန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရေးမှာ အရေးကြီးနေတဲ့ ခုလိုအချိန်မှာ ဒီအဖြစ်အပျက်ကြောင့် စိုးရိမ်မကင်းလည်းဖြစ်ခဲ့ကြပါတယ်။
သမ္မတဟောင်း ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ဖြစ်ရပ်ဟာ အင်မတန်အကျည်းတန်ပြီး၊ ဒီလို နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ အမေရိကန်ပြည်ထောင်စုနေ မြန်မာနွယ် အသိုင်းအဝိုင်းတွေကလည်း တု့န်ပြန်ခဲ့ကြပါတယ်။ မြန်မာအသိုင်းအဝိုင်းတွေအမြင် ကိုသားညွန့်ဦး စုစည်းတင်ဆက်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးတကျော့ပြန် တိုက်ပွဲတွေအဖြစ် လာရှိုး၊ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် စည်းဝေး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ကောလင်းမြို့ခံတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၅ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း အရပ်သားကလေးငယ် သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။ မတ္တရာမြို့နယ်ထဲ စစ်ဘေးရှောင် ၇,၀၀၀ လောက်ရှိနေပြီး ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေရပါတယ်။
"ပြည်သူလူထု ဆွမ်းကျေးဇူးရှင်တွေ ဒုက္ခရောက်နေချိန်... မိမိတို့နဲ့ မဆိုင်သလိုမနေကြဖို့၊ ပြည်တွင်းပြည်ပရှိနေတဲ့ သံဃာတွေက ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်ကံဆောင်တာတွေ ဆန္ဒပြတာတွေ ကန့်ကွက် ထုတ်စာတွေမှာ ညီညီညွတ်ညွတ်ပါဝင်ဖို့ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကြဖို့ ဦးဇင်းက တိုက်တွန်းချင်တယ်။" (ကံဆောင်ဆရာတော်တပါး)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာစစ်ဘေးကူညီရေးရုံးခန်းတခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူတဦးကို ကိုယ်ထိလက်ရာက်ကျူးလွန်ခဲ့တဲ့အပေါ် ဥပဒေကြောင်းအရ ပြန်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ အထိန်းအကွပ်မဲ့လာတဲ့ ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တောဆုံးရှုံးမှုပမာဏဟာ စိုးရိမ်စရာ အခြေအနေနဲ့ ကြုံနေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေသူတွေနဲ့ သုတေသန ပညာရှင်တွေက ဇွန်လ ၅ ရက်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သတိပေးလိုက်ပါတယ်။
ပြည်ထောင်စုကို တစုတဖွဲ့က လက်ဝါးကြီးအုပ်တာမျိုးမဟုတ်ပဲ Coming Together အတူတကွပူးပေါင်းတာမျိုး လိုလားပြီး၊ ရခိုင်ကို ကွန်ဖယ်ဒရိတ်အဆင့်ထက်မနိမ့်တာကို မျှော်မှန်းထားတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ AA စစ်ဦးစီးချုပ်နဲ့ ဗွီအိုအေ မေးမြန်းမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။
ဒေသတွင်း မတူကွဲပြားတဲ့လူမျိုးဘာသာဝင်တွေအကြား ငြိမ်းချမ်းစွာအတူတကွနေနိုင်ဖို့ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ AA အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်ပြီး အခုနှစ်အတွင်း ချင်းပြည်မှာ စစ်ကောင်စီတပ်တွေ ကင်းစင်တဲ့အထိ ကြိုးစားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့မှာ နေအိမ်တွေမီးရှို့ခံရပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
"စစ်ကြောင်းက ပုဂံကို မင်းအောင်လှိုင်လာမယ်ဆိုလို့ အကာလာတာ။ ၂၄ ရက်နေ့ စက်လှေတွေချောဆွဲပြီး လုံးပိုလှေဆိပ်ကနေလာတာ။ အဲ့ကျောင်းထဲမှာ အဲ့ကလေးတွေ အိပ်နေတယ်ဆိုတာသိလို့လားမသိဘူး။ မနက် ၃ နာရီခွဲလောက်မှာ ကလေးတွေကိုဖမ်းပြီး ညနေ ၆ နာရီထိုးလောက်ကြတော့ ပစ်သတ်သွားတာ။ ခေါင်းတွေချိန်ပြီး ပစ်သတ်သွားတာ။" (ဒေသခံ)
ရခိုင်ဒေသစစ်ပွဲအတွင်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြပြီး အရပ်သားတွေအပေါ် အကြမ်းဖက်ကျူးလွန်သူတဲ့ စစ်တပ်နဲ့ တခြားတာဝန်ရှိလက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်အရေးယူမယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးပါတယ်။
"တွန်းဇံမြို့နယ်ထဲက ကျီခါးနဲ့ ကျနော်တို့ ဒီလ ၁၅ ရက်ကနေ စခန်းသိမ်း စစ်ဆင်ရေးလုပ်တာ ကျီခါးကတော့ မနေ့က ကျနော်တို့လက်ထဲ အားလုံး ရောက်သွားတာပေါ့။ စခန်းအပါအဝင် ကျီခါးကတော့ စစ်ကောင်စီကင်းစင်သွားပြီလို့ ပြောလို့ရတယ်။ တွန်းဇံမြို့ကတော့ အထိုင်တပ်ကုန်းနဲ့ ရဲစခန်းကတော့ ကျနော်တို့ သိမ်းပြီးပြီ။" (ဆလိုင်းထက်နီ)
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းပျက်စီးမှု ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ထပ်လုပ်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“ကယ်ဆယ်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေလုပ်တယ်လို့ ယူဆပြီးတော့မှ အဲ့ဒီ့ လုပ်နေတဲ့လူတွေကိုထိခိုက်အောင်၊ နစ်နာအောင် နောက်တကြိမ် အညှိုးကြီးကြီးနဲ့ လာလုပ်တယ်လို့ ယူဆတယ်။ ထိခိုက်မှုက အဲ့အဆောက်အဦးကိုပဲ ပြန်ကြဲတာဆိုတော့ တစုံတရာထပ်ပြီးမှ ထိခိုက်မှုတော့မရှိဘူး။" (ဆလိုင်းဟာအွမ်- CDF မင်းတပ် ပြောခွင့်ရ)
နောက်ထပ်ကြည့်ရှုရန်