မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။ ဒီအထဲမှာ စစ်အာဏာသိမ်းမှု အရေးကိုတော့ ထည့်သွင်း မထားပါဘူး။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ပလတ်စတစ် အမှိုက်တွေ တောင်ပုံရာပုံ ဖြစ်လာတာကို သတိထားမိတဲ့ သူငယ်ချင်း ၂ ယောက်က ကျွတ်ကျွတ်အိတ်တွေ၊ ခေါင်းလျှော်ရည် အိတ်ခွံတွေကို လမ်းခင်းတုံးတွေ အဖြစ် အသွင်ပြောင်းပြီး သဘာ၀ ပတ်ဝန်းကျင် ခြိမ်းခြောက်မှုကို အန်တုနေကြပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကြောင့် ရိုဟင်ဂျာ အရေးကိစ္စ အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု လျော့ကျ မသွားစေရေး သံအမတ်ကြီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံမှာ သေဆုံးသူ ရာချီ ရှိနေပါတယ်။ ဒီထဲက သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်တပ်နဲ့ ရဲက နေ့ခင်း လူမြင်ကွင်းမှာ ယူဆောင်သွားခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဆပ်စပ် သေဆုံးရသူ ရာချီ ရှိနေပြီး ဒီထဲက သေဆုံးသူ တချို့ရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်တပ်နဲ့ ရဲက နေ့ခင်း လူမြင်ကွင်းမှာ ယူဆောင်သွားခဲ့ကြတာပါ။
Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးရေး ထောက်ခံကြောင်း အမေရိကန် သမ္မတ Joe Biden အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ကြေညာလိုက်တာမှာ ကမ္ဘာ့ ခေါင်းဆောင်တွေက ကြိုဆိုကြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
လာမယ့် နှစ်သစ် အစပိုင်းမှာ နိုင်ငံ လူဦးရေရဲ့ ထက်ဝက် ဆင်းရဲမွဲတေခဲ့တဲ့ ၂၀၀၅ ခုနှစ်က အခြေအနေမျိုး အထိ ဆုတ်ယုတ် ကျဆင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က သတိပေးထားပါတယ်။
မြန်မာ အိုလံပစ် ကော်မတီဟာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲခံထားရတဲ့ မြန်မာ စစ်တပ် အလိုကျ ဆောင်ရွက်မယ့် အဖွဲ့လို့ မြန်မာ့ ထိပ်တန်း ရေကူး အားကစား သမား ဦးဝင်းထက်ဦးက စွပ်စွဲလိုက်ပြီး နိုင်ငံတကာက သပိတ်မှောက်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၂၈၊ ၂၀၂၁ - ဒီအခြေအနေမှာ အာဆီယံအပါအဝင် နိုင်ငံတကာက ဘာဆက်လုပ်နိုင်ပါသလဲ။ မြန်မာ့ပဋိပက္ခ ပြေငြိမ်းရေး၊ ဒီမိုကရေစီ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ မသိင်္ဂ ီထိုက်က နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ တကယ်တမ်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ထိရောက်ပါ့မလားဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်လို့ VOA မြန်မာပိုင်း အစီအစဉ်က အယ်ဒီတာဦးကျော်ဇံသာက သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်လာမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်း ပြောဆိုသတိပေးထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းနေတဲ့ အထဲမှာ သတင်းတွေကို ပိုပြီး စိစစ်လာသလို သတင်းထောက်တွေကိုလည်း ဖြိုခွင်းနေပါတယ်။ ပြည်တွင်း သတင်းမီဒီယာ ၅ ခု ပိတ်သိမ်းခံရပြီး အင်တာနက် ဖြတ်တောက်ခံရပေမယ်လို့ သတင်းထောက်တွေကတော့ အရှုံးမပေးကြပါဘူး။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တင်းမာမှုတွေ ပြေလျော့ပြီး တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းမျိုး ပေါ်ပေါက်လာနိုင်မယ့် အရေးယူ ဆောင်ရွက်မှုတွေကို ထောက်ခံမယ့်အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ပြောပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ရုံးမတက်ကြတဲ့ အစိုးရ ဝန်ထမ်းတွေကို ထောက်ပံ့ရေး အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ ဧရိယာက မြန်မာ လူငယ်တွေ တနင်္ဂနွေနေ့က ရန်ပုံငွေ ဈေးရောင်းပွဲ တခုကို မြန်မာ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ကြပါတယ်။ ြ
တရုတ်ကြောင့် ဖြစ်ရတဲ့ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုကို တန်ပြန်သွားမယ်လို့ ဗြိတိန်က အခိုင်အမာ ပြောဆိုလိုက်ပြီး ၁၀နှစ်တာ ကာကွယ်ရေး မဟာဗျူဟာကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ လန်ဒန်ကနေ Henry Ridgwell သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
တရုတ် စီးပွားရေး လုပ်ငန်းတွေ ရှိတဲ့ ရန်ကုန် လှိုင်သာယာ စက်မှုဇုန်ကနေ ရွှေ့ပြောင်းလုပ်သားတွေ ထောင်နဲ့ချီပြီး ဌာနေပြန်နေကြပါတယ်။ စစ်တပ်က ညပိုင်းမှာ မြို့တွင်း လှည့်လည် ပစ်ခတ်နေသလို ဖမ်းဆီးမှုတွေလည်း ရှိနေပြီး လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါလိမ့်မယ်။
စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ သြစတေးလျ နိုင်ငံသား စီးပွားရေး ပညာရှင် Sean Turnell ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ မသိရတဲ့ အတွက် နီးစပ်ရာ ရဲစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ လိုက်လံ စုံစမ်းနေရကြောင်း သူ့ရဲ့ ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။
စစ်တပ်က ဖမ်းပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ ၆ လ အတွင်းကနေ နှစ်နဲ့ချီ ကြာသွားနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူ အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က မှတ်ချက်ပေး ပြောဆိုပါတယ်။
အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ဖမ်းပြီး တပ်မတော်က နိုင်ငံ အာဏာ ရယူခဲ့တဲ့ ဖြစ်ရပ်ဟာ နှစ်ဘက်ကြား အလုပ်သဘော ဆက်ဆံရေး တရပ် မထူထောင်နိုင်ခဲ့တာကြောင့်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီသစ် ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဒေါက်တာ သက်သက်ခိုင်က သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်