ဥရောပ သမဂ္ဂရဲ့ ပြင်ပမှာ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး ထောက်ခံသူတွေက ပြောခဲ့ကြတာပါ။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးတဦး အနေနဲ့ အနိုင်ရခဲ့သူ ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ဟာ ဒီသီတင်းပတ် အတွင်း သမိုင်းမှတ်တိုင် တင်ခဲ့ပါပြီ။ အမေရိကန် အစိုးရရဲ့ ဒုတိယ အာဏာအကြီးဆုံး ရာထူးနေရာ အထိ လျှောက်လှမ်းလာတဲ့ မစ္စ Harris ရဲ့ အကြောင်းစုစည်းတင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အသုံးပြုနေတဲ့ Covid-19 ကာကွယ်ဆေး ၂ မျိုး ဖြစ်တဲ့ Pfizer နဲ့ Moderna ထိုးထားကြသူ မြန်မာ အမေရိကန်တွေကတော့ ဘေးထွက်ဆိုးကျိုး မခံစားရဘူးလို့ ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဖြစ်ပွားသူ ၂ သောင်းလောက်ကို ကုသပေးနေရသလို ဒေသတိုင်း လိုလိုက quarantine စင်တာတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျနေပါပြီ။
ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ NLD ပါတီက အများစု အနိုင်ရနေပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေက ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာနေချိန်မှာဘဲ အတိုက်အခံ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဒီရလဒ်တွေက တရားဝင် မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
“သမ္မတဟာ အဖျား မရှိတာ ၇၂ နာရီကျော် ရှိခဲ့ပါပြီ။ အောက်ဆီဂျင် လယ်ဘယ်ရော နောက် အသက်ရှုမှုပါ အားလုံး ပုံမှန်ပါ။ လုံး၀ စိတ်ချရတဲ့ အထိ သက်သာ ပျောက်ကင်းတဲ့ အခြေအနေမျိုးထိ မရောက်သေးပေမယ့်လည်း သမ္မတ အိမ်ပြန်လို့ ရပြီ။"
ရိုဟင်ဂျာပဋိပက္ခတွင်း ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်နဲ့ ပူးပေါင်းဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်းလိုက်ပြီး ရခိုင်စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက်ကို လူသိရှင်ကြား မထုတ်ပြန်တာဟာ စစ်ဆေးမှုရဲ့ မှန်ကန်ဖြောင့်မတ်မှုကိုသံသယ ဖြစ်စေတယ်လို့ပြောပါတယ်။
လက်လီ အရောင်းဆိုင် လုပ်ငန်းရှင်တွေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အတွက် ချေးငွေ ရရှိနိုင်ရေး အစိုးရ ဘက်က ပြန်လည် သုံးသပ် စိစစ်မယ့်အကြောင်း တင်ပြထားပါတယ်။
COVID 19 ကြောင့် မြန်မာနိုင်ငံ အနေနဲ့ စီးပွားရေးမှာ သိသိသာသာ ရိုက်ခတ်မှုတွေ ရှိနေပြီ၊ ပြည်တွင်း အလုပ်လက်မဲ့ ဖြစ်မှု အပြင် ပြည်ပက ပြန်လာသူတွေ အတွက် အလုပ်အကိုင်ကိုလည်း စဉ်းစားဆောင်ရွက်ဖို့ လိုပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သတိပေးလိုက်ပြီး ဒီအပေါ် အစိုးရဘက်က ဘာတွေ ပြင်ဆင်ဆောင်ရွက်နေလဲ။
George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စု တဝန်း မြို့ အတော်များများမှာ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ ဆန္ဒပြမှု အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာန အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂ ီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။
COVID 19 ကြောင့် အရောင်းအဝယ် မရှိတော့ဘဲ လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြတဲ့ အကြောင်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ COVID 19 ထိန်းချုပ်ရေး အတွက် Lock Down အသွားအလာ ကန့်သတ်မှု ချမှတ်လာနိုင်ခြေနဲ့ လူမှု အသိုင်းအဝိုင်း အခြေပြုပြီး ဗိုင်းရပ်ပျံ့နှံ့မှုထိန်းချုပ်ရေး ဆောင်ရွက်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ တဦး ထပ်မံ အတည်ပြု တွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ အချိန်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာကြောင့် COVID -19 အတည်ပြု လူနာ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ တယောက်ကို သီးခြားခွဲထား စောင့်ကြည့်ထားတဲ့ အခြေအနေကို ဒေသခံ တဦးဖြစ်တဲ့ Michael Suantak ကို မေးမြန်းထားတာ ဖတ်ရှုနိုင်ပါပြီ။
ဗွီအိုအေ အမေရိကန် အသံက ကျင်းပခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အရေး အမေးအဖြေ ဆွေးနွေးပွဲမှာတော့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက Social Distancing လို့ ခေါ်တဲ့ လူတွေ တဦးနဲ့ တဦးကြား သိပ်ပြီး နီးနီးကပ်ကပ် မနေဘဲ အကွာအဝေး တခုခြားပြီး ခပ်ခွာခွာ နေဖို့ ကိစ္စကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ တရုတ်နိုင်ငံက ပြန်လာတဲ့ လူငယ်တဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးနေစဉ် အတွင်း သီပေါဆေးရုံ သီးသန့်ခန်းမှာ စောင့်ကြည့်နေပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ရွှေဈေး တက်လာချိန်မှာ မြန်မာနိုင်ငံမှာတော့ ရွှေဈေး အနည်းငယ်ကျသွားပါတယ်။ မန္တလေးအခြေစိုက် ရွှေအရောင်းအဝယ်သမား၊ ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုသူရထွန်းကို Skype ကတဆင့် မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းတာမှာ သူက လက်ရှိ ရွှေဈေးအခြေအနေကို အခုလို စပြောပါတယ်။
ကမ္ဘာတလွှား ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေကြပြီး လက်ရှိ အချိန်ထိ စမ်းသပ်နေတဲ့ ကာကွယ်ဆေး အမျိုး ၂၀ လောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆိုထားပါတယ်။
မူဝါဒ မတည်ငြိမ်မှုကြောင့် ရပ်ဆိုင်းရလုအခြေ ဆိုက်နေတဲ့ Yangon Water Bus စီမံကိန်းမှာ ငွေကြေး အရှုပ်အရှင်းကိစ္စ ဘာကြောင့်ပေါ်လာရသလဲ ဆိုတာကို Tint Tint Myanmar လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် ဒေါ်တင့်တင့်လွင်ကို မသိင်္ဂ ီထိုက် က Skype ကနေ ဆက်သွယ် မေးမြန်းရာမှာ ဒေါ်တင့်တင့်လွင်က အခုလို စပြောပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်း ရွှေ့ပြောင်းအခြေချ ပြည်ဝင်ခွင့် ကန့်သတ်ခံရတဲ့ အထဲ ပါဝင်တဲ့ မြန်မာနိုင်ငံက အမြဲတမ်းနေထိုင်ခွင့် DV ကံစမ်းမဲ ပေါက်သူ တချို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်