အမေရိကန် ဒေါ်လာ ဘီလျံ ၃၀၀ ကျော် အကြွေးတင်နေတဲ့ တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး Evergrande က အတိုးပေးရမယ့် ရက်သတ်မှတ်ချက် ကျော်လာခဲ့ပြီး အတိုးနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိတာကြောင့် အကြွေးမဆပ်နိုင် ဖြစ်သွားနိုင်တဲ့ အရေးကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ Covid-19 ဒဏ်သင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ကူမှု အကူအညီ ပေးဖို့ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ထက်ဝက်နီးပါးဘဲ ရရှိနေသေးကြောင်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပြောပါတယ်။
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီရဲ့ အကြီးဆုံး ဆင်းရဲသား ရပ်ကွက်တခုဖြစ်တဲ့ Korogocho မှာ သက်ကြီးပိုင်း အမျိုးသမီးတွေ တိုက်ကွမ်ဒို သင်နေကြပါတယ်။ သူတို့ကို လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားလာရင် ခုခံ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာက ပြဿနာတွေကို သံတမန်ရေး နည်းလမ်းတွေနဲ့ အပြင်းအထန် ကြိုးပမ်းမယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
ရှေးဟောင်း ပစ္စည်း မှောင်ခို ရောင်းဝယ်မှုကို တိုက်ဖျက်နိုင်ရေး နည်းလမ်းတွေ ရှာဖွေဖို့ ကမ ္ဘာတဝန်းက ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ညီလာခံ တခုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က ကျင်းပပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ ခရီးသွားလာမှု အကန့်အသတ်တွေကြောင့် မြန်မာနိုင်ငံတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေး ကဏ္ဍအပေါ် သက်ရောက်မှု ရှိနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင်းက Covid-19 ကူးစက်ပျံ့နှံ့မှု နည်းတဲ့ ဒေသတချို့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ နိုင်ငံရဲ့ တရုတ်လူမှုအသိုင်းအဝိုင်းတွင်းမှာ ကူးစက်နေတာကို ပထမဆုံးတွေ့ခဲ့ရတဲ့ ကိုဗစ်ကပ်ဘေးကြောင့် ဖေဖော်ဝါရီလစလို့ ကျောင်းတွေပိတ်ခဲ့ရတာပါ။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်နေရာတွေကို အဆုံးအဖြတ်ပေးမယ့် Credentials ကော်မတီ အဖွဲ့ဝင်တွေကိုလည်း အင်္ဂါနေ့မှာဘဲ ခန့်အပ်ခဲ့ပါတယ်။
မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM က စုဆောင်းထားတဲ့ မြန်မာ့ ရာဇဝတ်မှု ဆိုင်ရာ သက်သေ အထောက်အထားတွေကို တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြု တရားစီရင်နိုင်ရေး ဆောင်ရွက်နေပါတယ်။
သီရိလကာၤ နိုင်ငံမှာ ငွေကြေး ပြသနာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် နိုင်ငံ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ဈေးကွက်ထဲမှာတော့ စားသောက်ကုန်ပစ္စည်းတွေက ဈေးတက်လာနေသလို ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေ အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပိတ်သိမ်းတာကြောင့် အလုပ်မရှိ ဝင်ငွေ မရှိ ဖြစ်ကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း အကူအညီပေးရေး အဖွဲ့တွေကို အားထားနေကြရပါတယ်။
အာရှဒေသနဲ့ ပင်လယ်ပြင် ကုန်သွယ်ရေးကို ထိန်းထားနိုင်ရေးနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာလည်း တခြား ကမ ္ဘာ ပင်လယ်ပြင်မှာလို နိုင်ငံတကာ ဥပဒေနဲ့ အညီ တသမတ်တည်းဖြစ်ရေး EU က မျှော်လင့်
အမေရိကန် ပြည်ထောင်စု တဝန်းမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲကြောင့် ဖြစ်ရတဲ့ Covid-19 ရောဂါ ဖြစ်ပွားသူ တိုးလာချိန်မှာဘဲ ကျောင်းသားတွေလည်း ကျောင်း ပြန်တက်နေကြပါပြီ။ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ အတွက် ငယ်လွန်းသေးတဲ့ ကလေးတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့အကြောင်း မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ကမ ္ဘာတလွှားမှာ ရှိနေကြတဲ့ ဌာနေတိုင်းရင်းသားများဟာ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုစီးပွား မမျှတမှုတွေ၊ ခွဲခြားဆက်ဆံရမှုတွေ ကြုံလာရနိုင်ကြောင်း သြဂုတ်လ ၉ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ဌာနေတိုင်းရင်းသားများနေ့မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က သတိပေးထားပါတယ်။
နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်ကို အဆုံးသတ်ပြီး တပ်တွေပြန်ရုပ်သိမ်းနေတဲ့ အစီအစဉ်ကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာ ရပ်တည်ချက်အပေါ် ထိခိုက်နိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်နေကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ အာဖဂန် အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေချိန်မှာပဲ ဒုက္ခသည်တွေ အများအပြား တူရကီနိုင်ငံကို ထွက်ပြေးခိုလှုံနေကြပါတယ်။ VOA သတင်းထောက် Arif Aslan တူရကီ Van ပြည်နယ်က ပေးပို့တဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အာဏာကို တတ်နိုင်သမျှ ရေရှည်ဆွဲပြီးတော့ ဆက်ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ဦးမယ်။ နာမည် ပြောင်းချင်လည်း ပြောင်းလိမ့်ဦးမယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံတွေ့နေရချိန် Covid-19 ကပ်ဘေး ရောဂါ ကူးစက်မှုတွေ တိုးလာတာကိုပါ ကြုံရတဲ့ မြန်မာ ပြည်သူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အရ ရင်ဆိုင် ဖြတ်ကျော်နိုင်ရေး ဆောင်ရန် ရှောင်ရန်တွေကို တင်ပြပေးပါမယ်။
ရာသီပေါ် သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ အဝယ် မရှိတော့တာကြောင့် လယ်သမားတွေ ဈေးကွက် ရှာနေကြပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာပြီး လူနာတွေကို ကုသရေး အတွက် အောက်ဆီဂျင် မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာနဲ့ အတူ သေဆုံးသူတွေ တိုးလာနေတာကြောင့် အလျင်မီအောင် သင်္ဂြ ိုဟ်ဖို့ စီစဉ်နေကြရကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်