တရုတ် လူမှုအသိုင်းအဝိုင်းတွင်း အသက်ကြီးသူ လူဦးရေ မြန်မြန်ဆန်ဆန် တိုးလာနေတာကို ချိန်ညှိနိုင်ဖို့ အတွက် တအိမ်ထောင် ကလေး ၃ ယောက်ထိ ယူဖို့ တရုတ် ခေါင်းဆောင်တွေက မေလ ကုန်ပိုင်းမှာ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့်လည်း ကလေးယူသူက နည်းလာနေတဲ့ အကြောင်း AP ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ဟောင်ကောင် ဘီလျံနာသူဌေး Jimmy Lai ဖမ်းဆီးခံထားရပြီးနောက် သူ့ရဲ Apple နေ့စဉ်သတင်းစာလုပ်ငန်း ဆက်လည်ပတ်ရေးက မရေမရာ ဖြစ်လာနေပါတယ်။ ဒီမိုကရေစီရေး ခိုင်ခိုင်မာမာ ရဲရဲတင်းတင်း ဖော်ပြတဲ့ ဒီသတင်းစာက ဝန်ထမ်းတွေလည်း ဖမ်းခံရမယ့်အရေးကို စိုးရိမ်နေကြရပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးရော ဘဏ်လည်ပတ်မှုပါ တုံ့ဆိုင်းနေသလို အလုပ်အကိုင်တွေလည်း ဆုံးရှုံးနေပါတယ်။ လာမယ့်လပိုင်းတွေအတွင်း လူပေါင်းသန်းချီ စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း သတိပေးထားပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဆပ်စပ် သေဆုံးရသူ ရာချီ ရှိနေပြီး ဒီထဲက သေဆုံးသူ တချို့ရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်တပ်နဲ့ ရဲက နေ့ခင်း လူမြင်ကွင်းမှာ ယူဆောင်သွားခဲ့ကြတာပါ။
ဘဏ်အပ်ငွေကို ထုတ်ယူ အသုံးပြုနိုင်ရေး အတွက် အနည်းဆုံး ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ အကျိုးအမြတ်ပေးနေကြရတာပါ။
စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်တွေအတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြသူတွေကို လူငယ် အဖွဲ့ တခုက ကြိုးစား ကူညီပေးနေပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာ ပဋိပက္ခအတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေ့ရှ်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။
Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးရေး ထောက်ခံကြောင်း အမေရိကန် သမ္မတ Joe Biden အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ကြေညာလိုက်တာမှာ ကမ္ဘာ့ ခေါင်းဆောင်တွေက ကြိုဆိုကြပါတယ်။
မြန်မာ အိုလံပစ် ကော်မတီဟာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲခံထားရတဲ့ မြန်မာ စစ်တပ် အလိုကျ ဆောင်ရွက်မယ့် အဖွဲ့လို့ မြန်မာ့ ထိပ်တန်း ရေကူး အားကစား သမား ဦးဝင်းထက်ဦးက စွပ်စွဲလိုက်ပြီး နိုင်ငံတကာက သပိတ်မှောက်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ကုန်းတွင်း သယ်ယူပို့ဆောင်ရေး၊ မဲခေါင် မြစ်ရေ စီးဆင်းမှုတွေ အပေါ်မှာ တရုတ်ရဲ့ အကြီးအကျယ် ချုပ်ကိုင်မှု မရှိစေရေး အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ ကြိုးပမ်းမှုလို့လည်း သုံးသပ်ကြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ် ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်လာမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ခန့်မှန်း ပြောဆိုသတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့ အပါအဝင် မြို့နယ်တွင်းက ကျေးရွာ တဒါဇင်လောက်က ဒေသခံတွေဟာ သစ်တောတွေတွင်း ထွက်ပြေး တိမ်းရှောင်နေရတာ သတင်း ၂ ပတ် နီးပါး ရှိလာပါပြီ။ စစ်တပ်နဲ့ ဒေသခံတွေကြား သွေးထွက်သံယို ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ကနီမြို့နယ်တွင်း ကျေးရွာတွေကို စစ်တပ်က လိုက်လံ ရှာဖွေနေတာပါ။
အာဆီယံ အဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်နဲ့ မြန်မာ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရေး ထိရောက်မှု ရှိနိုင်ပါသလား- ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေအပါအဝင် နိုင်ငံမတည်ငြိမ်မှုကို ဖြေရှင်းနိုင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေ စနေနေ့မှာ တွေ့ဆုံဆွေးနွေးပြီးတော့ သဘောတူညီချက် ငါးရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ သပိတ်ကို သွေးထွက်သံယို နှိမ်နင်းပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လှိုင်သာယာမှာ စက်ရုံ တချို့ အလုပ်တွေ ပြန်လည် လည်ပတ်နေပါပြီ။
မြန်မာ စစ်တပ်ဟာ ဒီ လုပ်ငန်းကြီးတွေက ရတဲ့ ငွေတွေကို ပြည်သူတွေကို ဖိနှိပ် ချုပ်ချယ်နေတာကြောင့် ငွေဝင်လမ်း လျော့သွားအောင် ဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။
လောင်စာဆီ ရှားပါးလာတာနဲ့ အတူ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးလာတာကြောင့် လက်လီ အရောင်းမှာ ဈေးတက်နေကြောင်း မန္တလေးမြို့ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း -မန္တလေးကုန်စည်ဒိုင်က ကုန်သည်ကြီး တဦးက ပြောပါတယ်။
အမေရိကန် ပြည်သူ သန်း ၂၀၀ ကို အခု ဧပြီလကုန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းချက် အောင်မြင်ဖို့ နီးစပ်လာနေချိန်မှာပဲ ကမ္ဘာတလွှား COVID-19 တုံ့ပြန် ကိုင်တွယ်ရေး ညှိနှိုင်းရေးမှူး တဦးကို သမ္မတ Joe Biden အစိုးရက ခန့်အပ်လိုက်ပြီး တခြားနိုင်ငံတွေကို တိုးမြှင့်ကူညီနိုင်ရေး ဆောင်ရွက်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အတွင်း ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ကျန်းမာရေး ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေး ဥရောပ ကော်မရှင်ရဲ့ အဆိုပြုချက်ဟာဆိုရင် ဥရောပ တောင်ပိုင်းဒေသရဲ့ နွေရာသီ ခရီးသွား လုပ်ငန်း အတွက် အထောက်အကူ ဖြစ်လာ နိုင်ပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
မတ် ၁၇၊ ၂၀၂၁ - ဒီလို သွေးထွတ်သံယို နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကနေ အပြုသဘောဆောင်တဲ့ အခွင့်အလမ်း တစုံတရာ ပေါ်ထွက်လာနိုင်ပါသလား၊ ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို အခွင့်အလမ်းမျိုးလဲ ဆိုတာကို မသိင်္ဂီထိုက်က မေးမြန်းပြီး ဦးကျော်ဇံသာက ဖြေဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်