COVID -19 ကပ်ဘေး ကာလ အတွင်း ရုန်းကန်နေရတဲ့ အမေရိကန် ပြည်သူတွေကို ထောက်ပံ့ ကူညီရေး၊ အနည်းဆုံး လုပ်ခ လစာ တိုးမြှင့်ရေး အတွက် သမ္မတ Joe Biden က တာဝန်ယူပြီးနောက် ၃ရက် အတွင်းမှာဘဲ အမိန့်ညွှန်ကြားချက်တွေ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဥရောပ သမဂ္ဂရဲ့ ပြင်ပမှာ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး ထောက်ခံသူတွေက ပြောခဲ့ကြတာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း စစ်ဘေးကနေ တိမ်းရှောင်ကြတဲ့ ခရစ်ယာန် အသိုင်းအဝိုင်း တခု ရန်ကုန် ဆင်ခြေဖုံးမှာ လာပြီး ခိုလှုံနေကြပါတယ်။ လျှပ်စစ်မီးနဲ့ရေမရှိ၊ အလုပ်အကိုင်မရှိ၊အလှူရှင်တွေ မှီခိုနေရပေမယ့်လည်း စစ်ဘေးကင်းပြီးလုံခြုံတဲ့ ရန်ကုန်မှာ အခြေချနိုင်ရေးမျှော်လင့်နေကြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း စစ်ဘေးကနေ တိမ်းရှောင်ကြတဲ့ ခရစ်ယာန် အသိုင်းအဝိုင်းတခု ရန်ကုန် ဆင်ခြေဖုံးမှာ လာပြီး ခိုလှုံနေကြပါတယ်။ လျှပ်စစ်မီးနဲ့ ရေမရှိ၊ အလုပ်အကိုင်မရှိ၊ နောက် အလှူရှင်တွေ အကူအညီကို မှီခိုနေရပေမယ့်လည်း စစ်ဘေးကင်းပြီး လုံခြုံတဲ့ ရန်ကုန်မှာ အခြေချနိုင်ရေး မျှော်လင့်နေကြပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် အောက်လွှတ်တော်က တရားစွဲတဲ့ စွဲဆိုချက်ကို အထက်လွှတ်တော်မှာ တနင်္လာနေ့ တင်သွင်းဖို့ ရှိနေပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump အပေါ် အောက်လွှတ်တော်က တရားစွဲတဲ့ စွဲဆိုချက်ကို အထက်လွှတ်တော်မှာ တနလာၤနေ့ တင်သွင်းဖို့ ရှိနေပါတယ်။
ဒုသမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုမယ့် Kamala Harris ဟာ ပထမဆုံး အရွေးခံရတဲ့ အမျိုးသမီး ဖြစ်သလို အာရှနွယ်ဝင် အာဖရိက နွယ်ဖွား အမျိုးသမီးတဦး လည်းဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်း Doug Emhoff ဟာဆိုရင်လည်း အမေရိကန် သမိုင်းမှာ ဒုတိယ သမ္မတရဲ့ ခင်ပွန်း အမျိုးသား ဖြစ်လာမှာပါ။ သိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပထမဦးဆုံး သမိုင်းမှတ်တိုင် တင်လိုက်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ မစ္စ Harris ရဲ့ အကြောင်းစုစည်းတင်ပြထားတဲ့ ဗွီအိုအေရဲ့ လွှတ်တော်ဆိုင်ရာ တာဝန်ခံ Katherine Gypson ရဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
သမ္မတ Trump ရဲ့ စီးပွားရေး အဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်တွေ အားလုံးကို ဖျက်သိမ်းမယ့် အကြောင်း New York City က ကြေညာခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးတဦး အနေနဲ့ အနိုင်ရခဲ့သူ ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ဟာ ဒီသီတင်းပတ် အတွင်း သမိုင်းမှတ်တိုင် တင်ခဲ့ပါပြီ။ အမေရိကန် အစိုးရရဲ့ ဒုတိယ အာဏာအကြီးဆုံး ရာထူးနေရာ အထိ လျှောက်လှမ်းလာတဲ့ မစ္စ Harris ရဲ့ အကြောင်းစုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ဟာ နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ အရေအတွက် ၁ သန်းကျော်ကို ရောက်သွားတဲ့ ပထမဆုံးခရိုင် ဖြစ်ပါတယ်။
ရုရှား မြေအောက် ရထားတွေမှာ အမျိုးသမီးတွေကို ရထားမောင်းသူတွေ အဖြစ် ခွင့်ပြုရေး အလုပ်သမား ဝန်ကြီးဌာနက ဥပဒေ ပြင်ဆင်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ မော်စကို မြေအောက်ရထားလိုင်းမှာ အမျိုးသမီး ရထားစက်ကိုင် ၁၂ ဦး ခန့်အပ်လိုက်ပါတယ်။ Reuters သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
တရုတ်အစိုးရရဲ့ ပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်ပမှာအာဏာရှင် ဝါဒကို အားပေးနေတာတွေကို တန်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ ဦးဆောင်ဒီမိုကရေစီ နိုင်ငံတွေညွန့်ပေါင်းဖွဲ့ဖို့ ဗြိတိန် လွှတ်တော် အမတ်တစုက တိုက်တွန်းလိုက်ပါတယ်။ London ကနေ Henry Ridgwell သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။
အာရှ နိုင်ငံ လေးခုက ကားတာယာ တင်သွင်းမှုမှာ အထူး သွင်းကုန်ခွန် စည်းကြပ်ဖို့ အမေရိကန်ဘက်က ပဏာမ ဆုံးဖြတ်ချက်ကြောင့် ဒီနိုင်ငံတွေရဲ့ ပြည်တွင်း စက်မှုလုပ်ငန်းတွေ အတွက် အဟန့်အတား ဖြစ်လာနိုင်ပါတယ်။
တရုတ်ကုမ္ပဏီတခုရဲ့ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပါကစ္စတန်မှာ နောက်ဆုံးအဆင့် စမ်းသပ်မှု ပြီးဆုံးတော့မှာပါ။CanSionBio ကုမ္ပဏီရဲ့ ကာကွယ်ဆေးစမ်းသပ်မှု အပြီးသတ်တော့မယ့်အကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ayesha Tanzeem ပေးပို့တဲ့ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။
အမေရိကန် ပြည်ထောင်စုမှာ အသုံးပြုနေတဲ့ Covid-19 ကာကွယ်ဆေး ၂ မျိုး ဖြစ်တဲ့ Pfizer နဲ့ Moderna ထိုးထားကြသူ မြန်မာ အမေရိကန်တွေကတော့ ဘေးထွက်ဆိုးကျိုး မခံစားရဘူးလို့ ပြောကြပါတယ်။
အမေရိကန်ရဲ့ အသားတိုး ဖြည့်စွက်စာကျွေး မွေးမြူထားတဲ့ ဝက်သား တင်သွင်းမှုကို ကာလရှည် တားမြစ်ထားတဲ့ ထိုင်ဝမ်က ပြန်ဖွင့်ပေးဖို့ရှိနေကြောင်း ဒီလုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ ကာလရှည်ခေါင်းဆောင် Vladimir Putin ကို ၂၀၃၆ ခုနှစ်အထိ သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ခွင့် ပါဝင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် အတည်ပြုဖို့ နိုင်ငံတဝန်း မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။
ဗီယက်နမ် ဒေါင် ငွေကြေး ဈေးနှုန်းကို လျှော့ချထားတာကြောင့် ဗီယက်နမ် ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်ကို ကုန်ပစ္စည်း ရောင်းချရာမှာ အမေရိကန် ဝယ်လက်တွေထံကနေ ဗီယက်နမ် ဒေါင် ငွေကြေး ပိုပြီး ရရှိတာ ဖြစ်ပါတယ်။
စစ်ရေး ပဋိပက္ခတွေကြားကရခိုင်ပြည်နယ်မှာ စစ်သားတွေရဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ခံရသူ ကလေး ၄ ယောက်မိခင် ဒေါ်သိန်းနုက မြန်မာနိုင်ငံမှာအာဏာကြီးတဲ့စစ်တပ်ကိုအံတုပြီးတရားစွဲဆိုအနိုင်ရခဲ့သူပါ။ ဒေါ်သိန်းနုလို့ဘဲ အမည်လွှဲ သုံးဖို့ ပြောတဲ့အမျိုးသမီးကတရားစွဲရတဲ့အကြောင်းပြောပြထားပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်