ရှမ်းပြည်နယ် နောင်ချိုမြို့နားက မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဇူလိုင် ၄ ရက် ကြာသပတေးနေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ငပလီကမ်းခြေက လူနေအိမ်တွေမှာ ဝင်ရောက် နေရာယူနေတဲ့အပြင် ရခိုင်အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားတွေ ရာနဲ့ချီ အစုလိုက်အပြုံလိုက် မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အစိုးရကြားဆက်ဆံရေးကို ထင်ဟပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
လောင်းလုံးမြို့နယ်မှာ မြို့နယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေလုံခြုံရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပြီး နောက်တနေ့မှာပဲ နယ်မြေလုံခြုံရေးယူထားတဲ့နေရာကို စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံကထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်အပြင် မြန်မာအလုပ်သမားဝန်ကြီးဌာနကထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် Certificate of Identity (CI) လည်းလိုအပ်ပြီး ၂ ခုလုံးပြည့်စုံမှ ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်ရတာဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ တချိန်ကလို လူမျိုးတုန်း အကြမ်းဖက်မှုတွေ နောက်တကြိမ် ကြုံရမယ့် အခြေအနေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။
မြန်မာနဲ့အိန္ဒိယ ၂ နှစ်နိုင်ငံကြား ငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်မှုတွေ စတင်လိုက်ပြီး၊ ငွေပေးချေမှုအတွက် ရူးပီးငွေ တကုဋေကျော်ကို မြန်မာဘက် ဒီကနေ့ပဲ လွှဲပြောင်းပေးလိုက်ကြောင်း အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အခြာကျတဲ့ လားရှိုးမြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အနည်းဆုံး အရပ်သး ၅ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်