အိမ်ရာချေးငွေသတ်မှတ်ချက်တွေကိုကျော်လွန်ဖောက်ဖျက်မှုနဲ့ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာကြောင့် ဘဏ်လုပ်ငန်းတွေမှာ ရိုက်ခတ်လာမှာ စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တအန်းတပ်ဖွဲ့ကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။
မိုးကြီးပြီး ရေလွှမ်းမိုးမှုဒဏ်ခံလိုက်ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် မှာ ဒီနေ့ မနက်အစောပိုင်းကတည်းက ရေအနည်းငယ် ပြန်ကျလာပေမယ့် ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေဆဲဖြစ်ကြောင်း ပရဟိတ အဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက အရေးယူနေတာကြောင့် ထိုင်းနိုင်ငံရဲ့ ဒီနှစ် ဒုတိယနဲ့ တတိယ ဘဏ္ဍာရေး ၃ လပတ်အတွင်း အရောင်းဈေးကွက် သိသိသာသာ ထိခိုက်သွားတဲ့အကြောင်း ထိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
“မတူပီကို ဇွန်လ ၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တယ်ပေါ့နော်။ မတူပီမှာက ခ-မ-ရ (၃၀၄) ရှိတယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာ ရှိတယ်။ ခ-မ-ရ (၃၀၄) ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ လုံးဝ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။" (ဆလိုင်းယောမာန်- CB)
ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တို့ဟာ အိမ်ရာချေးငွေဆိုင်ရာ ဗဟိုဘဏ်သတ်မှတ်ထားချက်ထက် ကျော်လွန်ဖောက်ဖျက်ခဲ့တယ်လို့ စစ်ကောင်စီကြေညာပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း အရပ်သားကလေးငယ် သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။ မတ္တရာမြို့နယ်ထဲ စစ်ဘေးရှောင် ၇,၀၀၀ လောက်ရှိနေပြီး ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေရပါတယ်။
မဏိပူ၊ အင်ဖာအကျဉ်းထောင်က လွတ်မြောက်ဖို့အပါအဝင် အိန္ဒိယနယ်စပ်လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်ရဖို့ ဇွန်လ ၁၆ ရက်ကစပြီး မြန်မာအကျဉ်းသားတွေ အစာအငတ်ခံပြီး စတင်ဆန္ဒပြခဲ့ကြတာ ၁၅ ရက်ကျော်လာပြီဖြစ်ပေမဲ့ ဆန္ဒပြတာကိုရပ်ဖို့ ရှေ့နေတချို့က လာပြီးညှိနှိုင်းတာကလွဲလို့ ပြည်နယ်အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။
" စစ်အာဏာရှင်ထုံးစံအတိုင်း စျေးကွက်ကိုအာဏာနဲ့ထိန်းရင်ရမယ်ဆိုပြီး ရမ်းလုပ်တာပေါ့နော်။ ဘယ်လောက်ဖမ်းဖမ်းစျေး ကျစရာအကြောင်းမရှိဘူး။ နည်းမျိုးစုံနဲ့ လွတ်အောင်ရှောင်ပြီးတော့ အချိန်အတွယ်လျှော့ရောင်းတာ၊ အရည်အသွေးလျှော့တာ၊ မှောင်ခိုရောင်းတာ စတဲ့ အဆိုးတွေဖြစ်လာနိုင်တယ်။" (စီးပွါးရေးပညာရှင်တဦး)
ဘန်ကောက်မြို့တော် အပါအဝင် ထိုင်းနိုင်ငံ နေရာတော်တော်များများကို မကြာသေးခင်က ရှောင်တခင် စစ်ဆေးမှုတွေအတွင်း မြန်မာနိုင်ငံသား ၆ သောင်းနီးပါး အပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၈ သောင်းလောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့် စတင်ခဲ့တဲ့ ၆ရက်အတွင်း ရှမ်ပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ တပ်စခန်း ၃၀ကျော် သိမ်းယူနိုင်ခဲ့ကြောင်း TNLA ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလက်ထဲ ရောက်နေတဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ယောက် လွတ်မြောက်ရေး ကူညီဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Exodus Road က ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်