တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇ သိန်းခွဲနီးပါးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်စခန်း တာ၀န်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အချာကျတဲ့ လားရှိုးမြို့ သိမ်းပိုက်နိုင်ရေး MNDAA ကိုးကန့်တပ်က ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အင်္ဂါနေ့ည သန်းခေါင်အချိန်ကစတင် မြို့အနီးတဝိုက် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်က မြေပြင်က လက်နက်ကြီးနဲ့ရော လေကြောင်းအကူတွေနဲ့ပါ ပြန်လည် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၇ ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။
ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Joyce Msuya က မြန်မာနိုင်ငံ အခြေအနေကို အစီရင်ခံ တင်ပြမယ်လို့ ခန့်မှန်းရပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဂျပန်နိုင်ငံကို မြန်မာစစ်ကောင်စီက ချစ်ကြည်ရေး လက်ဆောင်အဖြစ် ဆင် ၄ ကောင်ပေးပို့ဖို့ စီစဉ်နေပေမဲ့ ဒီဆင်တွေကို လက်မခံဖို့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပတ်လည်တဝိုက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေဟာ ဒီကနေ့ မှာ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကျဲပစ်ခတ်နေပါတယ်။
နယူးယောက်ပြည်နယ် Utica (ယူတီကာ) မြို့က ၈ တန်းကျောင်းသား ကရင်တိုင်းရင်းသား မောင်ညမွှေးကို ရဲက လမ်းပေါ်မှာမေးမြန်းစစ်ဆေးစဥ် ရဲတပ်ဖွဲ့ဝင်တဦးရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်စေချင်ပြီး တရားမျှတမှုရဖို့ လိုလားကြောင်း ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
တရုတ်နယ်စပ်က အလုပ်ရုံတွေမှာ အလုပ်လုပ်ဖို့ မူဆယ်မြို့ပေါ်မှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စောင့်ဆိုင်းနေသူတွေ အရင်ကထက် ပိုများလာကြောင်း မူဆယ်မြို့က ဒေသခံတွေက ပြောပါတယ်။ အရင်ကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ဒေသခံတွေပဲ တရုတ်ကို အများဆုံးသွားကြတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ကောလင်းမြို့ခံတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၅ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။
မြန်မာအပါအဝင် ကမ္ဘာ့နေရာအတော်များများမှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ ကာကွယ်တားဆီးပေးဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လိင်အယူအဆကွဲပြားသူတွေကြား တန်းတူညီမျှရေး ထိခိုက်ကျဆင်းသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ပြောပါတယ်။
“ရှင်းရှင်းပြောရရင် ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေတွေကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ့် အနေအထားမရှိတော့ဘူးဆိုတဲ့ သဘောသက်ရောက်သွားတယ်လို့ မြင်တယ်။” (ဦးခိုင်ပြည်စိုး- ANP ပါတီ အထွေထွေအတွင်းရေးမှူး)
နောက်ထပ်ကြည့်ရှုရန်