ဒီလို တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် မြန်မာ စစ်ကောင်စီဟာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက် စီးပွားရေးအရ အချက်အချာကျတဲ့ နေရာတွေကို ဆုံးရှုံးရခြေ ရှိနေတယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင် ၁၀၀ နီးပါးကို တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုရာဇာ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တအန်းTNLAပူးပေါင်းတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ရက်အတွင်းမှာ မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ခုကို သိမ်းယူခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်မှုထမ်းဥပဒေအောက် အမျိုးသမီးတွေကိုပါ စတင်စုဆောင်းနေပြီလို့ ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် အပတ်စဥ်အလိုက် စစ်သားသစ်စုဆောင်းနေရာမှာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခံနေရတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ပွဲအတွက် ဝင်ငွေရှာတဲ့အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ တိုးမြှင့် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲကို တင်သွင်း ရောင်းချတာတွေ ပိုလုပ်လာနေတယ်လို့ ထိုင်းစစ်တပ် အကြီးတန်း အရာရှိတဦးက မနေ့က ပြောဆိုပါတယ်။
ရခိုင်ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် DMG သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်တဲ့အပြင် DMG ၀န်ထမ်းတွေကို ဖမ်း၀ရမ်းထုတ်တဲ့လုပ်ရပ်ဟာ သတင်းသမားတွေအပေါ် စစ်ကောင်စီရဲ့ အညှိုးထားဖိနှိပ်မှုကို ပြသနေကြောင်း DMG တာ၀န်ခံအယ်ဒီတာ ကိုနေ၀င်းစံ က ဗွီအိုအေကို ပြောပါတယ်။
ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကို အိမ်ခြံမြေ ရောင်း၀ယ်ရေး သတ်မှတ်ချက် ချိုးဖောက်မှုတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ ရှိခဲ့ပြီးနောက်ပိုင်း အများပြည်သူအတွက် ဘဏ်၀န်ဆောင်မှု လုပ်ငန်းတွေ အကန့်အသတ်တွေကြီးမားလာပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူတွေ အတွေ့များလာလို့ ရပ်ကွက်တွေထဲ လိုက်လံအသိပေး ဆော်ဩနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိခဲ့တဲ့ ရပ်ကွက်တွေထဲက အခြေခံပညာသင်ကျောင်းတွေမှာတော့ ကလိုရင်းဆေးရည်ခတ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟာင်းထရမ့်က ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှု အဖြစ် အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။ လက်တွေ့ ဘယ်လောက်ဖြစ်လာနိုင်ခြေ ရှိပါသလဲ။ မြန်မာကျောင်းသားတွေအမြင်တွေ မခင်လေးစုစည်းထားပါတယ်။
"ကျောက်ကြီးထဲမှာပဲ ၁၀ ယောက်ကျော်သေတယ်။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ရွာထဲကိုလက်နက်ကြီးနဲ့ထုထည့်နေတာပဲ။ စစ်တောင်းမြစ်ရဲ့အနောက်ဘက်ကမ်း ဖြူးမြို့နယ်အနီးတဝိုက်ကျေးရွာတွေလည်းပါတယ်။ မုန်းမြို့နယ်ထဲမှာတော့ နောင်ချိုကျေးရွာထဲမှာ ၂ ယောက်သေတယ်။အဲဒါကလည်းဇွန်လထဲမှာပဲ။" (ကျောက်ကြီးတာဝန်ရှိသူ)
မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ဇနီးဖြစ်သူအသက်သေဆုံးခဲ့ရတဲ့ အမှုမှာ တရားခံခင်ပွန်းဖြစ်သူ အဆိုတော်ဝဠာကို Lion Battalion Commando စစ်ကြောင်းဆီကနေ ထိုင်းရဲဘက်ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဒီအမှုကို စတင်ဖေါ်ထုတ် ခဲ့သူလည်းဖြစ်တဲ့ မထိပ်ထားက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက အပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ ရှုတ်ချကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်