မြန်မာနိုင်ငံက တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်ကနေ မန္တလေးအထိ လမ်းကြောင်းတလျှောက်လုံးလက်လွှတ်ရမဲ့ အနေအထားရောက်နေပြီလို့ အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာဘဏ်တွေမှာ လူအများငွေထုတ်ရခက်လာချိန်၊ ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက နေပြည်တော်ခေါ်ပြီး ဆွေးနွေးတာကြောင့် ဈေးကွက်ရိုက်ခတ်သွားတယ်လို့ ထောက်ပြနေကြပါတယ်။
စစ်ကောင်စီရဲ့ နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ခန့် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဒီနေ့ ညနေ ၃နာရီ ဝန်းကျင်မှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။
သံတွဲငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာ အခုဆိုရင် သီတင်း ၃ ပတ် ကျော်သွားပြီ ဖြစ်ပါတယ်။ ငပလီမှာတော့ လက်ကျန် ခလရ (၅၅) တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံ တိုက်ခိုက်နေတာပါ။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA စတင် တိုက်ခိုက်တဲ့ ဇူလိုင် ၃ ရက်ကစပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။ အခုဆိုရင် ဆက်သွယ်ရေး ပြတ်တောက်နေတာ တပတ်နီးပါးရှိကြောင်း လောက်ကိုင်မြို့ကို ဝင်ထွက်နေတဲ့ ရှမ်းမြောက်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
လားရှိုးမြို့ အစိတ်အပိုင်းတချို့ထဲကို TNLA တပ်တွေ ဝင်ရောက် နိုင်ခဲ့ပေမဲ့ မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ကတော့ မလွယ်ဘူးလို့ TNLA အဖွဲ့က ဗိုလ်ချုပ်ကြီး တာဘုန်းကျော်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။
ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ စင်္ကာပူအစုရှယ်ယာဈေးက ရိုးမဘဏ်ရဲ့ အစုရှယ်ယာတွေ ဒီကနေ့ ဈေးပိတ်ချိန်မှာ ဒီနေ့ ၂၈.၄၇ ရာခိုင်နှုန်း ကျသွားကြောင်း The Strait Times သတင်းစာမှာ ရေးပါတယ်။
ဇွန်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်တာကြောင့် သမ္ဗာန်ပေါ်လိုက်ပါလာသူ ၁၆ ဦး အနက် ၈ ဦးပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ ၈ ဦးထဲမှာ ကျောင်းသား ၃ ဦးလည်းပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့ ဇွန်လကကုန် တိုက်တွန်းခဲ့တဲ့အကြောင်း စင်္ကာပူ အခြေစိုက် Channel News သတင်းမှာ ဖေါ်ပြပါတယ်။
ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင် ၁ သိန်းခွဲကျော်နေထိုင်ရာ စစ်ရှောင်စခန်း ၄၀၀ ကျော်မှာ စားနပ်ရိက္ခာနဲ့ တခြား လူသားစာနာမှုအကူအညီတွေ ကြီးကြီးများမားလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒုက္ခသည်ခိုလှုံရာစခန်းအဖြစ်ပြောင်းထားတဲ့ ကျောင်းအဆောက်အဦးကို အစ္စရေးကလေကြောင်း တိုက်ခိုက်တာကြောင့် ဂါဇာတောင်ပိုင်းမှာ အင်္ဂါနေ့က ပါလက်စတိုင်း အနည်းဆုံး ၂၅ ယောက် သေဆုံးသွားပြီး သေဆုံးကြသူတွေထဲမှာ အမျိုးသမီးနဲ့ကလေး ၇ ယောက် ပါဝင်တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ Weam Fares က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေဖြစ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မူးယစ်ဆေးဝါးတွေပိုထုတ်လုပ်လာနေပြီး အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးပမာဏဟာ ပိုပြီးတိုးလာနေကြောင်း ထိုင်းဖမောင့် တပ်ရင်း တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး Col. Meechai Nilsat က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်