ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရေကာတာ ဖွင့်ချလိုက်ပြီးနောက် ဘီလူးချောင်းတလျှောက်က ရေဘေးသင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ရှိခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြဖို့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) မှာပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စက်သုံးဆီ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတဲ့ နယ်ခံတွေက ပြောကြပါတယ်။ စက်သုံးဆီရဖို့ အချိန်ကြာ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိသလို၊ ဝယ်မရတဲ့အထိ ကြုံရသူတွေလည်း ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အရေးပေါ်ကာလထပ်တိုးလိုက်တာဟ စစ်အုပ်ချုပ်မှုကို အပြင်းအထန်ဆန့်ကျင်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါတယ်။
TNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းမြောက် မိုးမိတ်မြို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းများအရသိရပါတယ်။ မိုးမိတ်က စစ်ကောင်စီ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီမှာ ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ကြမယ့် မြန်မာ MOUလုပ်သားတွေဟာ ဩဂုတ်လ ၁ ရက်ကစပြီး စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ဝင်ငွေရဲ့ ၂၅ % လွှဲပြောင်းထားတဲ့ အထောက်အထားပြမှသာ ထိုင်းဘက်ကို ပြန်အလုပ်လုပ်ခွင့်ရမယ်လို့ မြန်မာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇူလိုင်လ ၃၀ က အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံမှာ ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ နောက် ၁ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမားအဖြစ် သံသယရှိသူကို ဖမ်းဆီးရမိရေး အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။
နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေပြီး အတိုက်အခံ အင်အားစုတွေ အသာစီးရလာနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ကျင်းပပြီး အရေးပေါ်ကာလ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ခုခံတော်လှန်ရေးအင်အားစုတွေကို ပိုမိုထောက်ပံ့နိုင်မယ့် ချည်းကပ်မှု မူဝါဒတရပ်ကို အရေးပေါ်လိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရေးမှာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell အပါအဝင် ပါတီကြီးနှစ်ပါတီက အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
"ဆောထိ၊ လယ်ဒိုကော၊ မုန်းမြို့နယ်ကော ရွာ ၁၃၀ ကျော်လောက် ရေမြုပ်ပြီး ဒုက္ခတွေရောက်နေတာပေါ့။ မုန်းမြို့နယ်ဆိုရင်တော့ ၅၇ ရွာလောက်ရှိတယ်။ မြောင်းဦးဆိုတဲ့ကျေးရွာက အိမ်ခြေ တွေကို ရေတိုက်စားပြီး အိမ်တွေလည်းမျောပါကုန်တော့ ကလေးတယောက် ကိုထက်လင်းအောင်ရဲ့သမီးလေးကတော့ ရေထဲမျောပါပြီးသေဆုံးသွားတယ်။” (ပဲခူး ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်