စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့နိုင်ငံပိုင်သတင်းကဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ရဲ့ ခရီးစဉ်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတာဟာ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုကို ပြသရာရောက်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
သံတွဲ၊ ဂွနဲ့ မြောက်ပိုင်းက မောင်တော မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့ ဂွမြို့မှာတော့ မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို၊ ဆေးရုံလုပ်ငန်းတွေပါ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ၊ အထူးသဖြင့် အောက်တိန်းဓာတ်ဆီ ရှားပါးမှုတွေ သီတင်းပတ်နဲ့ချီ ကြုံနေရတာကြောင့် အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆိုရင်လည်း စက်သုံးဆီ ပြတ်လတ်မှုကြောင့် လုပ်ငန်းတွေ ရပ်လုနီးပါး ဖြစ်နေတယ်လို့ ပြောကြပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ အခြေစိုက် စစ်ကောင်စီရဲ့ စခန်းတချို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအသစ်ဖြစ်ပေါ်ခဲ့ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလတွေသာဖြစ်တယ်လို့ တပ်မတော် သတင်းနဲ့ ပြန်ကြားရေးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တောင်သာမြို့ တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့တပ်စခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့ပြီး မြင်းခြံနဲ့ တောင်သာမြို့အစပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေကြောင့်လည်း စက်ရုံတွေပိတ်ထားလိုက်ရပါတယ်။
တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ထိုင်းနိုင်ငံမှာပြုလုပ်မယ့် မဲခေါင်နိုင်ငံများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက မနေ့ တနင်္လာနေ့က သတင်းထုတ်ပြန်ချက်အပေါ်မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေရဲ့အမြင်တွေကို စုစည်းတင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းအဆမတန် တက်လာနေချိန် အလုပ်သမားတွေအတွက် တရက်တာလုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ် အဖြစ် စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ လက်တွေ့မှာ ပြေလည်နိုင်မှာမဟုတ်ဘူးလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာစစ်တပ်ဟာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာနဲ့ ကလေးငယ်တွေကို နှိပ်စက်တာ စတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ချင်းပြည်နယ်မှာ အရေးပါတဲ့ ဟားခါး-ထန်တလန် ကားလမ်းတလျှောက် စစ်ကောင်စီတပ်စခန်းတွေကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ထိုးစစ်ဆင်နေရာက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်