ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက စစ်ကောင်စီ လက်လွတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရယူနိုင်ရေးအတွက် မြ၀တီ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေတဲ့အတွက် ဒေသခံတွေ မြဝတီမြို့ဘက် စစ်ရှောင်လာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ ဒီကနေ့ ရေကြီးနေပြီး၊ ဒီတလထဲမှာ ရေကြီး ရေလျှံဖြစ်တာ ၅ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ တောင်ကျရေနဲ့ ချောင်းရေပေါင်းပြီး ရေကြီးနေတာလို့ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ စစ်အင်အား တစ်သောင်းလောက် အမှတ်စဉ်(၁) အခြေခံစစ်သင်တန်းပေးပြီး သြဂုတ် ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် အထက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ပူတာအို အပါအဝင် မြို့နယ် ၆မြို့နယ်မှာ ဆန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒေသခံတွေကတော့ ရှိတဲ့ဆန်ကို မျှဝေစားသောက်တာတွေရှိသလို အချိုတွေကတော့ အူလိုင် ခေါ် အပင်တမျိုးကို အမှုန့်ပြုလုပ်ပြီး စားသုံးနေရပါတယ်။ လ
ထိ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးအတွက်လိုအပ်တဲ့ စီးပွားရေးအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့ အစီအမံတွေကို အကောင်းဆုံး ချမှတ် အစီအစဉ်များ လို့ အဓိပ္ပါယ်ရမယ့် Best Laid Plans ဆိုတဲ့ စာအုပ်မှာ စီးပွားရေးပညာရှင် Sean Turnell က ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေပါတယ်။ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မာန်အောင်မြို့နယ်မှာလည်း စစ်ရေး ပြင်ဆင်နေတာတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တိုက်ခိုက်မှုမျိုးတွေလိုပဲ ဆိုးရွားပြင်းထန်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International-AI က ၂၀၁၇ ခုနှစ်တိုက်ခိုက်မှု ၇ နှစ်ပြည့်မတိုင်မီ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒေသတွင်းတာဝန်ရှိသူတွေ ကုလ တာဝန်ရှိသူတွေကိုတွေ့ဆုံပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်တိုက်ဆောင်ရွက်လာတယ်လို့ လေ့လာသူတွေ ယူဆပါတယ်။
ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေအပေါ် သတင်းမှားတွေရဲ့ သားကောင်မဖြစ်ကြဖို့ အရေးကြီးတယ်လို့ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။ ဒီလိုအချိန်မှာ လူသားဆန်မှုနဲ့ စာနာစိတ်နဲ့ ပြဿနာကိုချည်းကပ်ဖို့လိုတယ်လို့လည်း သူက အကြံပြုပါတယ်။
“ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အရပ်သားအမြောက်အများ အိုးအိမ်စွန့်ခွါထွက်ပြေးကြရပါတယ်။ ရခိုင်မှာ သြဂုတ် ၅ ရက် တရက်တည်းမှာတင် ၂၀,၀၀၀ လောက် ထွက်ပြေးရပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ဇွန်လကုန်ပိုင်းမှာတင် ၃၃,၀၀၀ ထောင်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်" (Stephane Dujarric))
“အခု ၁၂ သိန်းအထက်ရှိနေပါပြီ။ တပ်မဟာ ၃ ရယ်၊ ၅ ရယ်၊ တခြားတပ်မဟာတွေရယ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဆက်ဖြစ် နေတဲ့အတွက် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေက ပစ်မှတ်တွေက တိကျ မှန်ကန်တဲ့အခါမှာတော့ ဒေသခံလူထုတွေက ပိုပြီးစိုးရိမ်မှုဖြစ်တယ်။”(စောနန္ဒဆူး-KHRG ပြောခွင့်ရ)
"အိမ်တွေကို စကစက မီးရှို့တဲ့ဟာတွေ။ ရွာလုံးကျွတ်ရွှေ့ပြောင်းရတဲ့သူတွေဆိုရင် ဥယျာဉ်ခြံတွေလုပ်လို့မရတော့လေ။ စားနပ်ရိက္ခာအခက် တွေ့နေတယ်။ ပိုက်ဆံကလည်း မရှိဘူးဆိုတော့လေ။ တဲထိုးပြီးတော့ နေတယ်ခင်ဗျ။ အိမ်ထောင်စု ၁၀၊ ၂၀ စုပြီးတော့ သူ့တဲလေးနဲ့သူ ထိုးပြီးတော့ ဒီလိုမျိုးပုံစံနဲ့ နေတယ်ပေါ့နော်။" (စစ်ရှောင်ကူညီသူ)
နောက်ထပ်ကြည့်ရှုရန်