ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အခက်အခဲတွေ ပိုတိုးလာနေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူမှုအသိုင်းအဝန်းတွေ အစုအလိုက်အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ၇ နှစ် ပြည့်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ICJ တရားရုံးမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ ၂၀၁၇ ခုနှစ် ဖြစ်ရပ်ဟာ ဒီနေ့မှာ ၇ နှစ်ပြည့်ခဲ့ပြီး လက်ရှိမှာလည်း ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေချိန်မှာ တိုက်တွန်းခဲ့တာပါ။
မြေပြိုကျမှုကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့တာပါ။ လောလောဆယ် ပြန်ရထားတဲ့အလောင်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ယောက်၊ ရုရှားစုံတွဲ ၁ တွဲနဲ့ ထိုင်းတချို့ပါတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုး တကျော့ပြန် ဖြစ်ပွါးလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Turk က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာ စစ်ကောင်စီက PV လို့ခေါ်တဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကိုထွက်ခွါမယ့် လူငယ်တွေ အမျိုးသမီးတွေကို ပိတ်ပင်တာ တင်းကျပ်တာတွေ ပြန်မလာရင်မိသားစုက တာဝန်ယူရတာတွေကို လုပ်ခိုင်းနေတယ်လို့ ခရီးသွားတွေကဆိုပါတယ်
မြန်မာစစ်ကောင်စီက PV လို့ခေါ်တဲ့အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကိုထွက်ခွါမယ့် လူငယ်တွေ အမျိုးသမီးတွေကို ပိတ်ပင်တာ တင်းကျပ်တာတွေ လုပ်နေရာမှာ မှတ်ပုံတင် သိမ်းဆည်းထားတာ အပါအဝင် ပြန်မလာရင် မိသားစုက တာဝန်ယူရတာတွေကိုပါ လုပ်ခိုင်းနေတယ်လို့ မြန်မာလူငယ်တဦးက ပြောပြပါတယ်။
မြန်မာနဲ့ ထိုင်းနယ်စပ်အနီး ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ အွန်လိုင်းဆိုက်ဘာလိမ်လည်မှုတွေကျုးလွန်ဖို့ မတရားခိုင်းစေခံထားရတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေကို ဒီကနေ့စပြီး လာအိုနိုင်ငံကနေ နေရပ်ကို ပြန်ခေါ်နေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲ အင်တာနက် ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးကို ရောက်လာပြီး အဲဒီနောက်မှာ ပါကစ္စတန်၊ ဆူဒန်နဲ့ အိန္ဒိယတို့က အစဉ်အတိုင်းရှိနေတယ်လို့ အင်တာနက် ရရှိမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တချို့က ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်ကျိုက်ထိုမြို့က အလွတ်တန်းသတင်းထောက်ကိုထက်မြက်အိမ်ကို စစ်ကောင်စီတပ် တွေကအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် DVB နယ်သတင်းထောက်တဦး နဲ့အလွတ်တန်းသတင်းတန်းတဦး အပါအဝင် သတင်းထောက် ၂ ဦး သေဆုံးပြီး အဲဒီ အိမ်ထဲကိုရောက်နေတဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖဲွဝင် ၂ဦးသေဆုံးသွားခဲ့ပါတယ်၊
နောက်ထပ်ကြည့်ရှုရန်