မြန်မာနိုင်ငံအပေါ် ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးမှာ တရုတ်က ဆက်လက်ကူညီဖို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံအများအပြားကို AA ကကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ကို အကာအကွယ်ယူထားတဲ့ လမောင်တပ်စခန်းကို KIA ကချင်တပ်တွေနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။ စစ်တပ်အတွက် အရေးပါတဲ့ လမောင်နဲ့ တောမှော်တပ်စခန်းတွေကို ဗုဒ္ဓဟူးနေ့ မနက်ထဲက KIA တပ်တွေ စတင်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ ဒုတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားတာက ရေရှည်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေသတွင်းပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာကလည်း တရုတ်မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူတဦးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
စစ်ဆေးမှုကိုမခံဘဲမောင်းပြေးတာကြောင့် ကားတိမ်းမှောက်ပြီး လိုက်ပါလာတဲ့ လူ ၉ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
တရုတ်ထိပ်တန်းခေါင်းဆောင်တွေ ဆက်တိုက် နေပြည်တော်ခရီးပေါက်နေပြီး မြန်မာ့ပဋိပက္ခဖြေရှင်းရေး သူ့ရဲ့သြဇာကိုသုံးဖို့ကြိုးစားနေတယ်လို့ သုံးသပ်နေကြချိန်မှာပဲ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်က လွှမ်းမိုးချုပ်ကိုင်တာက ရေရှည်မှာ ပဋိပက္ခကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ဒေသတွင်းပညာရှင်တဦးက ထောက်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကိုရောက်စဥ် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ပြည်ပစွက်ဖက်မှုကိုဆန့်ကျင်ပြီး အမျိုးသားရင်ကြားစေ့ရေး မူဘောင်အောက်က ဆောင်ရွက်မှုတွေကို ထောက်ခံသွားမယ်လို့ ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက် ၆ ခုလောက်မှာ ရေကြီးရေလျှံနေပြီး စာသင်ကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ ရေဘေးဒုက္ခသည် အရေအတွက်လည်း ထောင်နဲ့ချီရှိနေပါတယ်။
"အဓိကတော့ တရားမဝင် နိုင်ငံခြားသား ပပျောက်ရေးပေါ့။ တရားမဝင်အလုပ်သမား ပပျောက်ရေး စီမံကိန်းပေါ့။ မလေးရှားမှာက နိုင်ငံသားတွေကနေ တိုင်တန်းတဲ့ ကိစ္စတွေမှာ မဖြစ်မနေဖမ်းရတဲ့ကိစ္စတွေရှိတယ်။ ဒါကျနော်တို့ လက်ရှိကြုံနေရတဲ့ အရှိတရားပေါ့။" (ဦးအေးလှိုင်-ဥက္ကဋ္ဌ၊ မြန်မာအလုပ်သမားများအဖွဲ့ (မလေးရှား))
စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့နိုင်ငံပိုင်သတင်းကဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ရဲ့ ခရီးစဉ်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတာဟာ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုကို ပြသရာရောက်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်