ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ်တယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်က ရဲစခန်းနဲ့ စစ်တပ် ထောက်ခံတဲ့ ပျူရွာတရွာမှာ တပ်စွဲထားတဲ့ တပ် စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၂ ဖက် ကျဆုံးမှုတွေ ရှိတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြိုင် ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
တရုတ် အထူးကိုယ်စားလှယ် မစ္စတာ တိန့် ရှီကျွင်းနဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်တို့ သြဂုတ်လ ၈ ရက် တွေ့ဆုံဆွေးနွေးခဲ့တာမှာ ပြေလည်ပုံမရဘူးလို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။ တွေ့ဆုံမှု မပြေလည်တာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ကိုဝင်းမင်းက ဆက်သွယ် မေးမြန်း တင်ပြပေးထားပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်တွေကနေ အိမ်ပြန်လွှဲကြဖို့ သြဂုတ်လ ၆ ရက်က ထပ်မံ ဖိအားပေးလာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေစျေးနှုန်း ပြင်ပပေါက်စျေးတွေ တနေ့တခြား တက်လာတဲ့အတွက် အများစုက ငွေပိုရတဲ့ ဟွန်ဒီစနစ်ကိုပဲ အဓိက အသုံးပြုနေကြပါတယ်။
ထိုင်းနိုင်ငံထဲမှာလွတ်ရက်စေ့တဲ့ အကျဉ်းသားတွေကို ရနောင်း လူဝင်မှုကြီးကြပ်ရေး အချုပ်ကနေ မြန်မာနိုင်ငံဘက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ဩဂုတ်လ ၇ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။ နေရာပြန်ပို့ခံရသူတချို့ဟာ သူ့နေရပ်ကိုပြန်ရောက်တဲ့အခါမှာတော့ စစ်မှုထမ်းဆင့်ခေါ်တာတွေကို ကြုံကြရတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လာရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက သိမ်းယူပြီး နောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဟိုင်ဂင် ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့နောက်မှာ တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာခဲ့တာပါ။
လစာကောင်းကောင်းရမယ်လို့ ဖျားယောင်းသွေးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေ ဆွဲဆောင်ခံနေရတဲ့ကိစ္စကို အရေးကြီးတဲ့ကိစ္စအဖြစ် အိန္ဒိယအစိုးရက ကိုင်တွယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါနဲ့ မနေ့ ဩဂုတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲဟာ မူဆယ်မြို့ကို ဝိုင်းရံထားတဲ့ ညီနောင် မဟာမိတ်တွေက စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ကမ်းလှမ်းကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။
သံတွဲအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်အပါအဝင် ပြစ်မှုမျိုးစုံနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၇၂ ယောက်ကို ကယ်တင်ပြီး ဘေးလွတ်ရာကို ကယ်ထုတ်လိုက်တဲ့အကြောင်း အာရက္ခ တပ်တော် AA က မနေ့ ဩဂုတ်လ ၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
“ကိုယ်တိုင်က ၈၈ ရဲ့မျိုးဆက်တွေဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေးအထိ CDM အနေနဲ့ပါဝင်လာတယ်။ ၈၈ အရေးတော်ပုံက ၃၆ နှစ်ပြည့်တာတောင် အခုထိ မငြိမ်းချမ်းတဲ့အပြင် ပိုဆိုးလာတယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဒီတကြိမ်မှာ နောက်ဆုံးတိုက်ပွဲအနေနဲ့ တိုက်ချင်ပါတယ်။" (ဒေါက်တာထားထားပါ-သမိုင်းသုတေသနဌာနညွှန်မှူး CDM)
နောက်ထပ်ကြည့်ရှုရန်