ရှမ်းပြည်နယ်မြောက်ပိုင်းက လာရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက သိမ်းယူပြီး နောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဟိုင်ဂင် ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့နောက်မှာ တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာခဲ့တာပါ။
လစာကောင်းကောင်းရမယ်လို့ ဖျားယောင်းသွေးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေ ဆွဲဆောင်ခံနေရတဲ့ကိစ္စကို အရေးကြီးတဲ့ကိစ္စအဖြစ် အိန္ဒိယအစိုးရက ကိုင်တွယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါနဲ့ မနေ့ ဩဂုတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲဟာ မူဆယ်မြို့ကို ဝိုင်းရံထားတဲ့ ညီနောင် မဟာမိတ်တွေက စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ကမ်းလှမ်းကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။
သံတွဲအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်အပါအဝင် ပြစ်မှုမျိုးစုံနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၇၂ ယောက်ကို ကယ်တင်ပြီး ဘေးလွတ်ရာကို ကယ်ထုတ်လိုက်တဲ့အကြောင်း အာရက္ခ တပ်တော် AA က မနေ့ ဩဂုတ်လ ၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
“ကိုယ်တိုင်က ၈၈ ရဲ့မျိုးဆက်တွေဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေးအထိ CDM အနေနဲ့ပါဝင်လာတယ်။ ၈၈ အရေးတော်ပုံက ၃၆ နှစ်ပြည့်တာတောင် အခုထိ မငြိမ်းချမ်းတဲ့အပြင် ပိုဆိုးလာတယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဒီတကြိမ်မှာ နောက်ဆုံးတိုက်ပွဲအနေနဲ့ တိုက်ချင်ပါတယ်။" (ဒေါက်တာထားထားပါ-သမိုင်းသုတေသနဌာနညွှန်မှူး CDM)
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း လယ်သမားအတော်များများဟာ ဒီနှစ်စပါးစိုက်ပျိုးရာသီမှာ သူတို့ရဲ့ လယ်ဧက တချို့တဝက်လောက်ကိုပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ် တွေမှာ ဒီလဆန်းပိုင်း ရေကြီးရေလျှံတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လက်ရှိ နွေဦးတော်လှန်ရေးဟာ ၁၉၈၈ခုနှစ်က စတင်ခဲ့တဲ့ ၈၈၈၈ လူထုလှုပ်ရှားမှုကြီးရဲ့ အဆက်ဖြစ်ပြီး အဆုံးသတ်အောင်ပွဲအဖြစ် ရည်မှန်းထားကြောင်း မန္တလေး CDM လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဗွီအိုအေကိုပြောပါတယ်။
နတ်မြစ်ထဲမှာ အင်္ဂါနေ့က နစ်မြုပ်သွားတဲ့ လှေပေါ်ပါလာသူ ရိုဟင်ဂျာအလောင်း စုစုပေါင်း ၃၄ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်တပ်အသိုင်းအဝိုင်း၊ ဝန်ထမ်းနဲ့ ဒေသခံတွေ မြို့ကို စွန့်ခွါတိမ်းရှောင်နေကြပါတယ်။ ပြောင်းရွှေ့တဲ့ သူများတဲ့အတွက် ပြင်ဦးလွင်အဆင်းမှာ ယာဉ်တန်းပိတ်ဆို့တာတွေပါ ရှိနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ၃၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံ မြို့နယ်အတော်များများက တော်လှန်ရေးအင်အားစုတွေ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ချီတက် ဆန္ဒပြပွဲ ကျင်းပခဲ့ကြသလို၊ ဆွေးနွေး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်