ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကြာသေးခင်ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ပြန်လည်နေရာယူပြီး စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ စာနာမှုအကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ဒေသခံ အကူအညီပေးရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
ကလေး ၆ သန်း အပါအဝင်၊ ခန့်မှန်းခြေ လူပေါင်း ၁၈.၆ သန်းဟာ အရေးပေါ် စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Christina Powell က ကြေညာချက်မှာ ပြောဆိုထားတာပါ။
စစ်ဌာနချုပ်တခု ကျဆုံးခဲ့တာ အပါအဝင် စစ်ရေးအရ အရေးနိမ့်နေချိန်မှာ ဖွဲ့စည်းလိုက်တဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုတိုက်ဖျက်မှု ကြီးကြပ်ရေးအဖွဲ့ဟာ လက်တွေ့မှာ အများပြည်သူ လုံခြုံမှု ပေးနိုင်မလား ဆိုတာကိုလည်း မေးခွန်းထုတ်နေကြတာပါ။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ အာရက္ခတပ်တော် (AA) အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီစောင့်ရှောက်မယ့်အကြောင်း ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ဒီကနေ့ ပြောလိုက်ပါတယ်။
“မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေတယ်” လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ပိုပြီး ထိတွေ့မှုတွေ လုပ်လာနေချိန်မှာပဲ တရုတ်ကလည်း မြန်မာ့အရေးမှာ ပြင်ပအင်အားစုတွေ မစွက်ဖက်ရေး ထုတ်ပြောလာနေတာပါ။ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပါမယ်။
တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ပိုပြီး ထိတွေ့မှုတွေ လုပ်လာနေချိန်မှာပဲ တရုတ်ကလည်း မြန်မာ့အရေးမှာ ပြင်ပအင်အားစုတွေ မစွက်ဖက်ရေး ထုတ်ပြောလာပါတယ်။“မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေတယ်” လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက တင်သွင်းနေတဲ့ အစားအသောက်တွေထဲက တရားမဝင် ဝင်ရောက်လာတဲ့ အသားစည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ကို မစားသင့်ဘူးလို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။
လက်နက် ပစ်ခတ်ခံရတဲ့ ခရစ်ယာန်ကျောင်းအတွင်းမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ သံတွဲမြို့ကနေ ထွက်ပြေးလာသူတွေပါဝင်သလို လက်နက်ကြီးကြောင့် သေဆုံးသူအများစုဟာ ချင်းလူမျိုးတွေဖြစ်တယ်လို့ ပြောပါတယ်။ ကျိန္တလီမြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ အခက်အခဲ ဆိုးရွားနေပြီး လက်ရှိ ကျောင်းဖယ်ရီကားတချို့ ရပ်နားထားရသလို၊ ခရီးသည်ပို့ဆောင်ပေးနေတဲ့ အငှားယာဉ်ငယ်တချို့လည်း ရပ်ထားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်