ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဒါဇင်ကျော် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးမှုတွေရှိခဲ့အကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံနေရာ တော်တော်များများမှာ စက်သုံးဆီရှားပါးနေတာ သီတင်း ၁ ပတ် ကျော်ပြီလို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။ လိုသလောက် မရတာကြောင့် ပြင်ပမှာ ဈေးကြီးပေး သုံးစွဲနေရတယ်လို့လည်း ပြောပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ့်အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။
“အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှအရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအထိ ဆက်သွယ်မှုရရှိခဲ့ပြီး အခုအချိန်အထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးတချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။”( စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ဒီကနေ့ ဩဂုတ်လ ၃ ရက် နေ့လည်မှာ MNDAA ကိုးကန့်၊ TNLA တအာင်းတပ်မတော် ဦးဆောင်တဲ့တပ်တွေက သိမ်းလိုက်ပါပြီ။
တရုတ်နယ်စပ်အနီး MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကဆေးရုံတရုံကို မြန်မာ စစ်ကောင်စီစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသမီဒီယာတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။
စစ်ကောင်စီဝန်ကြီး အထူးသံတမန်ဦးကိုကိုလှိုင်ရဲ့ကမ္ဘောဒီးယား ခရီးစဥ်အတွင်း ဝန််ကြီးချုပ်ဟောင်း ဟွန်ဆန်၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်ဟွန်မန်နက်နဲ့ပါတွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အတူ စစ်ကောင်စီက သူ့ရဲ့လမ်းပြမြေပုံ ၅ ချက်ကိုဆောင်ရွက်နေပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုမျှဝေခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ထဲက အချက်အခြာကျတဲ့ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါ တယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်