စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ကျေးရွာသားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးတွေအတွင်း ကျေးရွာတွေက နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“လူကြီးလည်းသေတယ်။ ကလေးလည်းသေတယ်။ ကိုယ့်အိမ်ကပစ္စည်းတွေသိမ်းရင်းသိမ်းရင်းနဲ့ ကလေးတွေလည်း သတိမထားမိဘူးထင်တယ်။ ပြီးတော့ ကလေးတွေကလည်းလူကြီးတွေနောက်လိုက်ရင်း အဲဒီလိုဖြစ်တယ်ထင်ပါတယ်။” (မြဝတီမြို့ခံ)
"ကိုညီညီဆို သွေးတိုးနေချိန်မှာ သွေးကျဖို့အတွက်ဆေးမှူးကိုစောင့်ရတာ တနာရီခွဲလောက်ကြာခဲ့တယ်။ အပြင်ထွက်ကုသခွင့်ရဖို့လည်း ၁ နာရီဝန်းကျင်လောက်ကြာခဲ့တယ်။ လာရောက်ကုသဖို့ အချိန်နဲ့တပြေးညီမရောက်လာဘူးပေါ့။ ဒီလိုနှောင့်နှေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက အသက် ဆုံးရှုံးနေရတာဖြစ်တယ်။" (ကိုသိုက်ထွန်းဦး-PPNM)
"အစ်မတို့ဆီကို ရေရောက်လို့ရှိရင် ကျန်တဲ့နေရာတွေမှာ နေလို့မရတော့ဘူး။ အခု ရွာထဲကိုရေတွေ ဝင်တော့မှာဆိုတော့ ကျန်တဲ့ရွာတွေ အားလုံးမြုပ်ကုန်တာ။ အရင်ကဆိုရင် အစ်မတို့ရွာ ကမ်းနားကြီးရှိတယ်။ ဒီကမ်းနားကိုပဲ ရေရိုက်ပြီးမှ ပြန်ကျသွားတာ။ ဒီလိုမျိုး အိမ်စုံးစုံးမြုပ်တဲ့အထိတော့ မဖြစ်ကြဘူးပေါ့ကွယ်။" (ဒေသခံပြည်သူ)
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။
မကြာသေးခင်က မိုးအဆက်အပြတ် ရွာသွန်းမှုတွေကြောင့် မြန်မာနိုင်ငံ နေရာတော်တာ်များများမှာ ရေဘေးဒဏ် ခံနေရပြီး ပဲခူးမြို့မှာ ဆိုရင်လည်း လူနေအိမ်တွေ၊ လမ်းတွေပေါ်အထိ ရေလွှမ်းမိုးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တလနီးပါး တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်သေဆုံးသူတွေ ရှိနေသလို၊ မြို့ခံတွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ သတိပေးတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားလာတဲ့အပါ် အထူးစိုးရိမ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ QUAD အဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလာနေတဲ့အပြင် စစ်ကောင်စီကို ပြန်တိုက်ဖို့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာတာကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက် သူတို့အသုံးချခံနေရတာကို သဘောပေါက်လာတာဖြစ်တယ်လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ဗွီအိုအေကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စစ်ကောင်စီကိုပြန်တိုက်ဖို့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာတဲ့ အခြေအနေကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေ အသုံးချခံနေရတာကို သဘောပေါက်လာတာဖြစ်တယ်လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ပြောပါတယ်။ ပြည့်သူ့ပန်းတိုင်အဖွဲ့တာ၀န်ခံ ကိုနောင်ရိုးကို မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်