ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ရဲ့ တာဝန်တွေကို စစ်ကောင်စီ ခေါင်းဆောင်က လွှဲပြောင်းယူလိုက်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
မြဝတီ ဖားလူးဒေသမှာ လိမ်လည်လှည့်ဖျားခံရပြီး ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ကယ်ဆယ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က ဒီလကုန်အထိ တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ TNLA တအန်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြား ကားလမ်းတလျှောက်က အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမယ့် အိုလံပစ် အားကစားပြိုင်ပွဲတွေဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်း စစ်ရေး ပဋိပက္ခတွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့ အခါသမယ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြားလိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်မှာရှောင်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးဖို့၊ စာသင်ကျောင်းတွေအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ အတွက် အထူးသဖြင့် မြန်မာစစ်တပ်အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြတဲ့ အဖွဲ့အားလုံးကို ရန်ကုန်ရှိ ဗြိတိသျှသံရုံးက ထပ်မံ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့လက်နှက်ကိုင်ပဋိပက္ခအတွင်း စာသင် ကျောင်းတွေတိုက်ခိုက်ခံရမှု အကြိမ် ၂၀၀ နီးပါးရှိပြီး၊ သေဆုံးဒဏ်ရာရသူရာဂဏန်းရှိ
တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်ရေ မရရှိတာကြောင့် မန္တလေး မတ္တရာ မြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေမှာ အခက်အခဲ ဖြစ်နေပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားတွေ အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တံတားကူးလက်မှတ်နဲ့ လာတဲ့ မထက်ထက်ဇော် ဟာ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ်(ခေါ်) ဝဠာ ဆီလာရင်း ရိုက်နှက်ထိုးကြိတ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်