မြန်မာနိုင်ငံအတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ရနောင်းဘက်ကနေ ပင်လယ်ကိုဖြတ်တဲ့ ဆိပ်ကမ်းကို ပိုပြီး အသုံးပြုလာတာကြောင်း အကျိုးဖြစ်ထွန်းတဲ့အကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် ကဒ်တခုတည်းကိုပဲ ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာ့အလုပ်သမားအရေးတက်ကြွသူတချို့က ထိုင်းလွှတ်တော် ကို ဒီကနေ့ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေထွက်ပြီး ၂၄နာရီအတွင်း စစ်ကောင်စီဟာ သံတွဲကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
တိုင်းရင်းသားညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း လက်နက်ထိမှန်သေဆုံးသူဦးရေ ၇၀ နီးပါးရှိနေပြီလို့ ဒေသတွင်း အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တရုတ်နဲ့ ကုန်သွယ်ရေး လမ်ကြောင်းသစ်တခုကို စစ်မဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ပြန်စတင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
Ohio ပြည်နယ် အထက်လွှတ်တော်အမတ် J.D Vance ကို ဒု−သမ္မတလောင်းအဖြစ် Donald Trump က ရွေးချယ်လိုက်တာက ထူးခြားမှုတရပ်ဖြစ်ပြီး ၊ သူတို့ ၂ ဦးသာ အနိုင်ရခဲ့ရင် မထင်မှတ်ထားတဲ့ နိုင်ငံရေးဖြစ်စဥ်တွေ မြင်လာရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
"ဘယ်လိုအလုပ်တွေလဲဆိုတော့ စျေးဆိုင်တွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ မော်တော်ယာဉ်၊ ခရီးရှည် ခရီးတို မောင်းနှင်တဲ့လုပ်ငန်းတွေ၊ ရွှေပန်းတိမ်လုပ်ငန်းတွေ၊ အလှပြင်ဆိုင်တွေ၊ ပရိဘောဂလုပ်ငန်းတွေ အဲဒီအလုပ်တွေလုပ်ကြတဲ့မြန်မာတွေ အဖမ်းခံရတာများတယ်။"
"နော်တို့ဘက်မှာ မိုးတော်တော်ရွာတော့ လေကြောင်းကတော့မပါဘူး။ စစ်မှုထမ်းနဲ့ သင်တန်းဆင်းထားတဲ့ လူငယ်ပိုင်းလေးတွေပါလာတယ်။ သူတို့သုံးတဲ့လက်နက်တွေကတော့ ပုံမှန်သုံးနေတဲ့အတိုင်းပဲ သုံးတယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ သူတို့စုဆောင်းထားတဲ့ လူတွေကို အများဆုံးသုံးနေကြတာ ကျနော်တို့မြင်တယ်။" (တော်လှန်ရေးရဲဘော်တဦး)
မြန်မာ စစ်ကောင်စီအတွက် လေယာဉ်ဆီပို့ဆောင်တဲ့ ကုမ္ပဏီစာရင်းတွေထဲ ပါဝင်တယ်ဆိုတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်ကို စင်္ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီက မနေ့က ငြင်းဆိုလိုက်ပါတယ်။
တပတ်ကြာမယ့် ခရီးစဥ်အတွင်း တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်မယ်လို့မျှော်လင့်ကြောင်း ဖိတ်ကြားခံရတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်