ရခိုင်တောင်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲ ငပလီကမ်းခြေတလျောက်မှာရှိတဲ့ ဟိုတယ်ဇုန်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဟိုတယ် တချို့ မီးလောင်နေတာရှိသလို သံတွဲမြို့ပေါ်မှာလည်း စစ်အင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် MNDAA အဖွဲ့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက မနေ့ မနက်ပိုင်းက လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့အနီးက ကျေးရွာတွေမှာ စစ်တပ်နဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူဘဲ မိုးကုတ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က သူ့ရဲ့အမြင်သဘောထားကို ပြော။
ထိုင်းနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကနေ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုရယူပြီး၊ ဘဏ်တွေကနေတဆင့်ငွေအလွှဲအပြောင်းတွေလုပ်နေတာကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဘဏ်စာရင်းတွေဖွင့်ခိုင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကအသုံးပြုနေတာကို ထိုင်းရဲတပ်ဖွဲ့ဖေါ်ထုတ်ဖမ်းဆီးမိခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ရန်ကုန်မြစ်ထဲ သမ္ဗာန်တိမ်းမှောက်ပြီး ပျောက်ဆုံးနေတဲ့ လူ ၈ ဦးရဲ့ အလောင်း တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့က ရှာဖွေဆယ်ယူနိုင်ခဲ့တယ်လို့ ကြည့်မြင်တိုင် မီးသတ်အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လွိုင်ကော်နဲ့ ဒီးမော့ဆို တခွင်မှာ ဒရုန်းတွေနဲ့ကင်းထောက်နေသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်က ပြန်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ ဒီရက်ပိုင်း တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGF) နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း တရာကျော်လောက်ဟာ ဇူလိုင်လ (၁၁) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်မှာ လာရောက်ခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Dhaka Tribune သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးတာတွေ ရှိခဲ့ပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ အများကြီး ပိုခက်လာတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခအကြား ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပုံမှန်လာရောက်လေ့ရှိတဲ့ ပုဂံမှာ တချို့ရက်တွေ ခရီးသည်တွေ ခြောက်ကပ်နေတဲ့အကြောင်း ဒေသခံတွေ ပြောဆိုတာကို AFP သတင်းမှာ ဖေါ်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်