ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို စစ်ကောင်စီ အကြီးအကဲက လွှဲပြောင်းယူလိုက်တဲ့ သတင်းကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာလို့ ဆိုပေမဲ့ အကဲခတ်တွေကတော့ အာဏာကို ပိုမိုချုပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ ယူဆနေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ တနင်္လာနေ့နဲ့ ဒီကနေ့ အင်္ဂါနေ့ ၂ ရက်အတွင်းမှာပဲ အလောင်း ၂ ဒါဇင်လောက် ရှာဖွေတွေ့ရှိခဲ့ပြီး လက်တွေ့မှာ ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။
လားရှိုးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သား စုစုပေါင်း ၃၁၇ ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၂၁ ရက်နေ့က လက်နက်ချပြီး ပူးပေါင်းလာတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီသီတင်းပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွင်း ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ရန်ကုန် အမေရိကန်သံရုံးက လူမှုကွန်ယက်မှာ ဖေါ်ပြပါတယ်။
ဒါဟာ ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပေမဲ့ လက်တွေ့မှာ ဆွေးနွေးမှု တစုံတရာ မရှိဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။
ဒုသမ္မတ Kamala Harris ကို လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ သမ္မတ Biden က ထောက်ခံအဆိုပြုပြီးနောက် ဒိမိုကရက်လွှတ်တော်အမတ်တွေ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့ အလှုရှင်တွေရဲ့ ထောက်ခံမှုတွေ သိသိသာသာ တိုးလာပါတယ်။ မြန်မာ့အနွယ် အမေရိကန်နိုင်ငံသားတချို့ရဲ့ အမြင်တွေ ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသူအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၅၀၀ ကျော်ကို အင်းစိန်ကနေ ဒိုက်ဦးနဲ့သာယာဝတီထောင်တွေကို ထောင်ပြောင်းလိုက်တာဟာ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ထောင်တွင်းသပိတ်တိုက်ပွဲတွေလုပ်လေ့ရှိတာကြောင့် ထောင်အပြောင်းအရွှေ့တွေ လုပ်နေတာဖြစ်တယ်လိုံ နိုင်/ကျဥ်းအရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
"အခုလက်ရှိက ငြိမ်သွားပြီခင်ဗျ။ စဉ့်ကူးမှာမရှိတော့ဘူး၊ မရှိတော့ဘူးဆိုပေမယ့် မနေ့က စဉ့်ကူးအနီးလေးကိုမှ တံတားဦးကတက်လာတဲ့ ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာရှိတယ်။ မြေပြင်အခြေအနေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စီးထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။" (မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ရဲ့ တာဝန်တွေကို စစ်ကောင်စီ ခေါင်းဆောင်က လွှဲပြောင်းယူလိုက်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
မြဝတီ ဖားလူးဒေသမှာ လိမ်လည်လှည့်ဖျားခံရပြီး ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ကယ်ဆယ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်