အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပြီး တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ သီးခြားစီ တွေ့ဆုံနေပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက အဓိက ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာတွေထဲက တခုအဖြစ်ပါဝင်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။ စဉ့်ကူးနယ်ထဲမှာဆိုရင်လည်း လက်ကျန်စစ်တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းယောင်းဒေသကို ဝင်ရောက်ချုပ်ကိုင်ထားတာ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (မိုင်းလားအဖွဲ့)က ပြောဆိုလိုက်ပါတယ်။ အဲဒီဒေသကို ဝင်ရောက်လာတာက ဆက်ကြေးကောက်ယူမှုတွေ ရှိလာတဲ့အတွက် လာကောက်တဲ့အဖွဲ့ကို မလုပ်ဖို့ ဝင်ရောက် ထိန်းသိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်ဖုန်းမုန်တိုင်း Gaemi(ဂေမီ) ကြောင့် ထိုင်ဝမ်နိုင်ငံရဲ့တောင်ဘက် (ရေမိုင်) ၁၉မိုင်အကွာ တောင်တရုတ်ပင်လယ်ထဲမှာ မနေ့က ညနေပိုင်းက နစ်မြုပ်သွားတဲ့ သင်္ဘောနှစ်စီးလုံးမှာ မြန်မာနိုင်ငံသားဝန်ထမ်းတချို့ ပါဝင်နေပြီး ထိုင်ဝမ် ကမ်းခြေစောင့်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့အစည်းတွေက ကြိုးစားနေကြောင်း ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲအပါအဝင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာ မနေ့ကစပြီးတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုလို ရေကြီးမှုတွေကြောင့် ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်သားသစ်အဖြစ် အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေတဲ့အကြောင်းနဲ့ ဒီလို ဖမ်းဆီးခေါ်ဆောင်တာဟာ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖေါက်တဲ့အပြင် လူကုန်ကူးမှု မြောက်တဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဇူလိုင်လ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်ကောင်စီရဲ့တပ်မ ၄၄ က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာ ၃ ရွာက ရွာသား ၇ ဦးသေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ သေချာအနီးကပ် စောင့်ကြည့်နေပြီး တိုက်ပွဲတွေကြောင့် ထိခိုက်မလာဖို့လည်း သတိပေးလိုက်ပါတယ်။
မြန်မာ့အရေးအဖြေရှာဖို့အတွက် ဒေသတွင်း အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း မြန်မာစစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးလိုစိတ် မရှိတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီအတွက် လက်နက်တွေဝယ်ယူတဲ့နေရာမှာ ထိုင်းနိုင်ငံကဘဏ်တွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူလိုက်ကြောင်းနဲ့ ဒါဟာ သမိုင်းဝင်အောင်ပွဲတခုဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီကတော့ မမှန်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်