မြန်မာနိုင်ငံမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး (NSA) Ajit Doval ကို မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ပြောကြားခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဆိုးရွားလာနေပြီး စစ်ကောင်စီအနေနဲ့ နည်းလမ်းပြောင်း ကိုင်တွယ်ဖြေရှင်းဖို့ လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲ တက်ရောက်နေတဲ့ ဩစတြေးလျနိုင်ငံခြားရေးကြီး Penny Wong က ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်တပ်တွေအနေနဲ့ အင်အားရှိရင် ကြိုက်တာလုပ်လို့ ရတဲ့ပုံစံနဲ့ နိုင်ငံရေးကစားရင် ဆိုးကျိုးဖြစ်နိုင်တယ်လို့ ချင်းခေါင်းဆောင်တဦးက သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ချင်းအစိုးရ ပြောခွင့်ရ ဒေါက်တာရွေခါရ်းကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
နစ်မြုပ်သွားတဲ့ တန်ဇန်းနီးယားအလံတင် Fu Shun သင်္ဘောပေါ်က မြန်မာ ၉ ယောက်ထဲမှာ ၄ ယောက်ကိုရှာတွေ့ထားပြီး ကပ္ပတိန်ဖြစ်သူကတော့ သေဆုံးသွားတယ်လို့ နီးစပ်သူက ပြောပါတယ်။ တနေရာစီကနေ ကယ်တင်ထားပြီးသူတို့ကို Kaohsiung ဆိပ်ကမ်းအနီးက Modern Plaza Hotel မှာ စောင့်ရှောက်ထားတယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မိုးကြီးပြီး သောင်ရင်းမြစ် ရေတက်လာတဲ့အတွက် သောင်ရင်းမြစ်အနီးနားမှာ စခန်းချ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေနေတဲ့ ပလောတပို့ စခန်းမှာ အန္တရာယ်ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေကပြောပါတယ်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပြီး တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ သီးခြားစီ တွေ့ဆုံနေပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက အဓိက ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာတွေထဲက တခုအဖြစ်ပါဝင်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။ စဉ့်ကူးနယ်ထဲမှာဆိုရင်လည်း လက်ကျန်စစ်တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းယောင်းဒေသကို ဝင်ရောက်ချုပ်ကိုင်ထားတာ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (မိုင်းလားအဖွဲ့)က ပြောဆိုလိုက်ပါတယ်။ အဲဒီဒေသကို ဝင်ရောက်လာတာက ဆက်ကြေးကောက်ယူမှုတွေ ရှိလာတဲ့အတွက် လာကောက်တဲ့အဖွဲ့ကို မလုပ်ဖို့ ဝင်ရောက် ထိန်းသိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်ဖုန်းမုန်တိုင်း Gaemi(ဂေမီ) ကြောင့် ထိုင်ဝမ်နိုင်ငံရဲ့တောင်ဘက် (ရေမိုင်) ၁၉မိုင်အကွာ တောင်တရုတ်ပင်လယ်ထဲမှာ မနေ့က ညနေပိုင်းက နစ်မြုပ်သွားတဲ့ သင်္ဘောနှစ်စီးလုံးမှာ မြန်မာနိုင်ငံသားဝန်ထမ်းတချို့ ပါဝင်နေပြီး ထိုင်ဝမ် ကမ်းခြေစောင့်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့အစည်းတွေက ကြိုးစားနေကြောင်း ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲအပါအဝင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာ မနေ့ကစပြီးတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုလို ရေကြီးမှုတွေကြောင့် ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်သားသစ်အဖြစ် အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေတဲ့အကြောင်းနဲ့ ဒီလို ဖမ်းဆီးခေါ်ဆောင်တာဟာ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖေါက်တဲ့အပြင် လူကုန်ကူးမှု မြောက်တဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်