မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ သေချာအနီးကပ် စောင့်ကြည့်နေပြီး တိုက်ပွဲတွေကြောင့် ထိခိုက်မလာဖို့လည်း သတိပေးလိုက်ပါတယ်။
မြန်မာ့အရေးအဖြေရှာဖို့အတွက် ဒေသတွင်း အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း မြန်မာစစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးလိုစိတ် မရှိတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီအတွက် လက်နက်တွေဝယ်ယူတဲ့နေရာမှာ ထိုင်းနိုင်ငံကဘဏ်တွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူလိုက်ကြောင်းနဲ့ ဒါဟာ သမိုင်းဝင်အောင်ပွဲတခုဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီကတော့ မမှန်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် ၃၀ မြောက်မှာ မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းခဲ့ပြီး မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။
“မလေးရှားနိုင်ငံကိုသွားဖို့အတွက် နေအိမ်မှာ ထိုင်းရဲတွေက နေအိမ်တလုံးကို မသင်္ကာလို့ သွား စစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့အမျိုးသမီး အားလုံးပေါင်း ၈၄ ဦး ဖမ်းဆီးရမိတာပေါ့ နော်။ Phetchaburi ထဲမှာ ဖမ်းမိတာပေါ့နော်။” (အလုပ်သမားအရေးလှုရှားသူတဦး)
"၄ ဦး သေဆုံးပြီး ဒဏ်ရာရတာက ၁၀ ဦး၊ အရပ်သား ၁၀ ဦး ဒဏ်ရာရထားတယ်။ ရွာရဲ့ ဘာသာရေး အဆောက်အဦးဖြစ်တဲ့ ဘုန်းကြီးကျောင်းရယ်၊ ရွာထဲက လူနေအိမ်တွေကို ဗုံးကြဲတယ်။ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ ဒီနေ့ဆိုရင်လည်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတယ်။" (မင်းဘူးခရိုင် ပြည်သူံကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး)
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမဟုတ်တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကို အခွင့်အာဏာပေးအပ်ထားတာကို မတွေ့ရပါဘူး။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေး နယ်မြေမှာ လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြတာပါ။
ကရင်အမျိုးသားအစည်းအရုံး (KUN) ဒုဥက္ကဋ္ဌဟောင်း ဖဒိုနော်စီဖိုးရာစိန်ဟာ ဒီကနေ့ပဲ ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးဟာင်းလည်းဖြစ်တဲ့ နော်စီဖိုးရာစိန်ဟာ အချိန်အတော်ကြာ နာမကျန်းဖြစ်နေခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသနေခံယူနေရင်း ကွယ်လွန်ခဲ့တာပါ။
လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတချို့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးကြပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဟာလည်း အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်