တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာမှာရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေရပ်ဆီကို အခုချိန်ထိ ပြန်မလာနိုင်သေးပါဘူး။
ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့က နေပြည်တော် အေလာလေဆိပ်ကို ပစ်မှတ်ထားပြီး လျော့တိုက်ဒုံးနဲ့ ပစ်ခတ်တာခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တချို့က AFP သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သတင်းရက်ကွက် သုံးခုရဲ့ ပြောဆိုချက်ကိုလည်း ကိုးကားဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေး အဆမတန် အကျိုးအမြတ်ယူ ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ရှေ့သီတင်းပတ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမယ့်အကြောင်း တရားရေး သတင်းရပ်ကွက်က ပြောဆိုတာကို Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် အိမ်တွေ ယာတွေ သိမ်းဆည်းမယ့်အကြောင့် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းတာတွေ လုပ်နေတယ်ဆိုတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှေ့သီတင်းပတ် ထိုင်းဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
"အခုဟာတော့ ပြောလို့မရသေးဘူးဗျ။ များသောအားဖြင့်တော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူးဗျ။ အခြေအနေက တော်တော်တင်းမာနေတာ။ အခုက ဘယ်လိုမှကို ဘာမှစီစဉ်လို့မရတာ။ အခုက နီးနေတော့လေ။ အကုန်လုံး သွားလမ်းလာလမ်းလည်း အကုန်ပိတ်တော့ အဆင်မပြေတော့ဘူး။" (တောင်ပြုန်းပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ)
"campus fees တွေက ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ထိ တက်သွားတာမျိုး ရှိတယ်။ အဲ့တော့ တပူပေါ်တပူဆင့်ဖြစ်သွားတာပေါ့။ ကျောင်းစရိတ်လည်း သွင်းရတော့မယ်။ ဘတ်ဈေးတွေကလည်း တက်လာတယ်။ campus fees တွေကလည်း တက်လာတယ်။ ဒီလိုမျိုးကြုံရတော့ ကျောင်းသားတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်နေတာပေါ့။” (မင်းလူမောင်-ထိုင်းတက္ကသိုလ်ကျောင်းသား)
"တံတားခွဲခံရတာတော့သိတယ်။ ကရင်လေးဆိပ်တံတားဆိုတာကတော့ ကျုံအိတ် တံတားရဲ့ဒီဘက် သထုံဘက်ကိုဝင်လာတဲ့တံတားပါ။ အခုလောလောဆယ် ကားတွေပိတ်မိနေတယ်။ ချောင်းကူးတဲ့တံတားဖြစ်နေတော့ မိုးတွင်းဖြစ်နေတော့ ချောင်းကရေများနေတယ်။ ကားတွေက အောက်ကနေလည်းကူးမရဘူး။ မိုးတွင်းဖြစ်နေတော့လေ။" (ဒေသခံ)
"စဥ့်ကူးက ၃ ရက်လောက်ရှိပြီ။ လေကြောင်းတိုက်ခိုက်မှုက မရပ်ဘူး။ ပြင်းထန်တယ် ပြောရမှာပေါ့။ တံတားဦးကတက်လာတဲ့ ဖိုက်တာရယ်၊ Y12 တို့ ပြင်ဦးလွင်ကတက်လာတဲ့ Mi35 တို့က နေ့စဉ် တနေကုန်နီးပါးလုပ်နေတာဆိုတော့လေ။ စဥ့်ကူးမြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေပြင်းနေတယ်ဆိုတာလောက်ပဲသိတယ်။" (ဒေသခံ)
မြန်မာနိုင်ငံအတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ရနောင်းဘက်ကနေ ပင်လယ်ကိုဖြတ်တဲ့ ဆိပ်ကမ်းကို ပိုပြီး အသုံးပြုလာတာကြောင်း အကျိုးဖြစ်ထွန်းတဲ့အကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် ကဒ်တခုတည်းကိုပဲ ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာ့အလုပ်သမားအရေးတက်ကြွသူတချို့က ထိုင်းလွှတ်တော် ကို ဒီကနေ့ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေထွက်ပြီး ၂၄နာရီအတွင်း စစ်ကောင်စီဟာ သံတွဲကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်