တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်ရေ မရရှိတာကြောင့် မန္တလေး မတ္တရာ မြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေမှာ အခက်အခဲ ဖြစ်နေပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားတွေ အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တံတားကူးလက်မှတ်နဲ့ လာတဲ့ မထက်ထက်ဇော် ဟာ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ်(ခေါ်) ဝဠာ ဆီလာရင်း ရိုက်နှက်ထိုးကြိတ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရပါတယ်။
အိမ်တွင်းအကြမ်းဖက်မူကြောင့် သေဆုံးခဲ့ရတဲ့ အသက် (၂၆)နှစ်အရွယ် မြန်မာအမျိုးသမီး မထက်ထက်ဇော်ရဲ့နာရေးကို အမူမှန်ပေါ်ပေါက်ရေးစုံစမ်းဖော်ထုတ်ခဲ့တဲ့ အမျိုးသမီးသတင်းသမား မထိတ်ထားနဲ့တက်ကြွလှုပ်ရှားသူတွေကပြုလုပ်ခဲ့ပါတယ်၊
ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မူဆယ် ဒီလို စစ်ပွဲလွတ်တဲ့နေရာတွေကို ရောက်လာပေမဲ့လည်း နေရာသစ်မှာ ဝင်ငွေပုံမှန်ရနေဖို့၊ နေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်သူတွေက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် မူဆယ်နဲ့ တောင်ကြီးမြို့မှာ စစ်ရှောင်အများအပြား ရောက်ရှိနေတာပါ။
AA အနေနဲ့ သံတွဲမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ငပလီကမ်းခြေတလျောက် တိုက်ပွဲတွေ ရှိနေပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်တခုလုံးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဒေသတွင်း အခြေအနေ တိတိကျကျသိရဖို့ ခက်ခဲနေတာပါ။
ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မူဆယ် ဒီလို စစ်ပွဲလွတ်တဲ့နေရာတွေကို ရောက်လာပေမဲ့လည်း နေရာသစ်မှာ ဝင်ငွေပုံမှန်ရနေဖို့၊ နေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် AA ဘက်က ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန် စစ်ကောင်စီတပ်သားတွေဟာ ကွင်းဝိုင်းရေတပ်နဲ့ အနီးဆုံးနေရာတွေကို ဆုတ်ခွာပြီးတော့ ခုခံနေကြတာလည်းဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပါတီ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ ထိုင်းလွှတ်တော် ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို အမှတ်ရ အောက်မေ့ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံး နဲ့ ဗြိတိသျှ သံရုံးတွေကလည်း ဒီကနေ့ အသီးအသီး ထုတ်ပြန် ပြောကပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့လားရှိုးအနီး သိန္နီမြို့မစျေးကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရှမ်း SNLD ပါတီ တာဝန်ရှိသူတချို့အပါအ၀င် အနည်းဆုံး ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်