မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက အပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ ရှုတ်ချကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး လေကြောင်း တိုက်ခိုက်မူ့ ဒရုန်းနဲ့တိုက်ခိုက်မူ့ လက်နက်ကြီးနဲ့ပစ်ခတ်မူတွေ က ၅ရက်အတွင်းပိုပြင်းထန်လာနေပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်ပြီးနောက် ရှမ်းပြည်နယ် လားရှိုးမှာ ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ရေးအရ အတိုးအဆုတ်ရှိနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေတို့ကြောင့် မြို့ရဲ့ နေရာတော်တော်များများ ရေနစ်မြှုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လေယာဉ်လောင်စာဆီတင်ပို့မှုတွေကို မလုပ်ကြဖို့ တောင်းဆိုနေတဲ့ ကြားမှာပဲ စစ်ကောင်စီအတွက် လေယာဉ်ဆီ ပို့ဆောင်မှုတွေကို နောက်ထပ် ခြေလှမ်းအသစ်တွေနဲ့ လုပ်တာတွေ ရှိနေတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ထိုင်းဝန်ကြီးချုပ်တို့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အလုပ်လုပ်ခွင့်တို့အတွက် အချက် ၃ ချက်ကို ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက ဇူလိုင်လ ၇ ရက်နေ့မှာ UNHCR ရုံးရှေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သံတွဲဒေသတိုက်ပွဲတွေအတွင်း သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့ဝန်းကျင် စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေကို AA ဖက်က သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိတယ်လို့ AA အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Sok Chanda Sophea နဲ့ တွေ့ဆုံပြီး မြန်မာအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေး
ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အဝင် ဟွေရာအူး ရဲစစ်ဆေးရေးဂိတ်မှာ ပစ်ကပ် ကားငယ်တစီးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှာ မြန်မာဘက်ကို ပို့ဆောင်မယ့် သေနတ်အလက် ၂၀ နဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ဖို့သွားတာလို့ စစ်ကောင်စီပြောခွင့်ရက VOA ကို အတည်ပြုပါတယ်။
ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီက အပြတ်အသတ် အနိုင်ရပြီး၊ ကွန်ဆာဗေးတစ်ပါတီအုပ်ချုပ်မှု အဆုံးသတ်သွားပါတယ်။ လေဘာပါတီ အစိုးရဖြစ်လာသည့်တိုင် မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် ဗြိတိန်နိုင်ငံရဲ့မူဝါဒ အများကြီး ပြောင်းသွားလိမ့်မယ် မယူဆဘူးလို့ ဗြိတိန်နိုင်ငံမှာနေတဲ့ မြန်မာတချို့က မြင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်