မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပါတီ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ ထိုင်းလွှတ်တော် ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို အမှတ်ရ အောက်မေ့ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံး နဲ့ ဗြိတိသျှ သံရုံးတွေကလည်း ဒီကနေ့ အသီးအသီး ထုတ်ပြန် ပြောကပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့လားရှိုးအနီး သိန္နီမြို့မစျေးကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရှမ်း SNLD ပါတီ တာဝန်ရှိသူတချို့အပါအ၀င် အနည်းဆုံး ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွက ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းက နေရာတချို့မှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး - ခြေလက်တုန်ပြီး အစားသောက်ပျက်တဲ့ အတွက် ဆေးစစ်ရာမှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းတဲ့ရောဂါနဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေခံစားနေရတာကို တွေ့ရကြောင်းနဲ့ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။
"မြန်မာအစိုးရရဲ့ လက်နက်ဝယ်ယူမှုတွေမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ သက်သေအခိုင်အမာမရှိပါဘူး။ ထိုင်းအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ခံတဲ့ မူဝါဒမရှိပါဘူး။" ( Mr. Maris Sangiampongsa - ထိုင်းနိုင်ငံခြားရေးဝန်ကြီး)
“ရခိုင်မှာ ငွေသားရှားပါးတဲ့ ပြဿနာက တော်တော်ဆိုးရွားတဲ့အခြေအနေမှာရှိနေတာပေါ့နော်၊ ငွေလွှဲငွေထုတ်ဆိုင်တွေမှာ သွားထုတ်ရင် ရာခိုင်နှုန်းကတော်တော်များတယ်။ ၂၀%၊ တချို့နယ်ဘက်တွေမှာ ၂၃ ရာခိုင်နှုန်း။ အဲလောက်တောင် ပေးရတယ်။ ဒါက နေ့စဉ်လူနေမှုဘဝတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေတယ်။”။ (ကျောက်တော်ဒေသခံ)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာမှာရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေရပ်ဆီကို အခုချိန်ထိ ပြန်မလာနိုင်သေးပါဘူး။
ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့က နေပြည်တော် အေလာလေဆိပ်ကို ပစ်မှတ်ထားပြီး လျော့တိုက်ဒုံးနဲ့ ပစ်ခတ်တာခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တချို့က AFP သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သတင်းရက်ကွက် သုံးခုရဲ့ ပြောဆိုချက်ကိုလည်း ကိုးကားဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေး အဆမတန် အကျိုးအမြတ်ယူ ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ရှေ့သီတင်းပတ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမယ့်အကြောင်း တရားရေး သတင်းရပ်ကွက်က ပြောဆိုတာကို Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် အိမ်တွေ ယာတွေ သိမ်းဆည်းမယ့်အကြောင့် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းတာတွေ လုပ်နေတယ်ဆိုတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှေ့သီတင်းပတ် ထိုင်းဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်