ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ရန်ကုန်မြစ်ထဲ သမ္ဗာန်တိမ်းမှောက်ပြီး ပျောက်ဆုံးနေတဲ့ လူ ၈ ဦးရဲ့ အလောင်း တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့က ရှာဖွေဆယ်ယူနိုင်ခဲ့တယ်လို့ ကြည့်မြင်တိုင် မီးသတ်အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လွိုင်ကော်နဲ့ ဒီးမော့ဆို တခွင်မှာ ဒရုန်းတွေနဲ့ကင်းထောက်နေသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်က ပြန်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ ဒီရက်ပိုင်း တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGF) နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း တရာကျော်လောက်ဟာ ဇူလိုင်လ (၁၁) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်မှာ လာရောက်ခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Dhaka Tribune သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးတာတွေ ရှိခဲ့ပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ အများကြီး ပိုခက်လာတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခအကြား ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပုံမှန်လာရောက်လေ့ရှိတဲ့ ပုဂံမှာ တချို့ရက်တွေ ခရီးသည်တွေ ခြောက်ကပ်နေတဲ့အကြောင်း ဒေသခံတွေ ပြောဆိုတာကို AFP သတင်းမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီနေ့ ကျင်းပပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တွေ ဝယ်ယူနိုင်အောင် ထိုင်းနိုင်ငံက ဘဏ်ကြီးတွေက ကူညီ လုပ်ဆောင်ပေးတာတွေ ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ထိုင်းဘဏ်ကြီးတွေက ကာကွယ် ပြောဆိုလိုက်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည် လားရှိုးနဲ့ နီးနေတဲ့ တန့်ယန်းမြို့မှာ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့တွေ ဖြန့်ကျက် နေရာယူထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင် ၁၁ဦး ထဲက Aeon Orange စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမာဆု (Kasamatsu Hiroshi) ကို ဇူလိုင် ၁၁ ရက်နေ့ မနေ့က ရုံးထုတ်ခဲ့ပါတယ်။
NATO ညီလာခံနောက်ဆုံးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုခြုံကြည့်ရင်၊ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေဦးတော့ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဆက်လက်ယှဥ်ပြိုင်သွားဖို့ စိတ်ဆန္ဒပြင်းပြနေတာမြင်ရကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာပါ။
နိုင်ငံကူးလက်မှတ်အလည်အပတ်ဗီဇာ (PV) ကိုင်ဆောင်ပြီး ပြည်ပထွက်ပြီး အလုပ်လုပ်နေသူတွေကို တားဆီးပိတ်ပင်သွားမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်