နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ်ရေကြီးတာက မနှစ်က ၂၀၂၃ လောက် မများပေမဲ့ ရေကြီးတဲ့အချိန်ကာလ တလနီးပါး ကြာမြင့်လာတာကြောင့် စိုက်ပျိုး၊ မွေးမြူရေးမှာ ဆုံးရှုံးမှုတွေရှိပြီး နေရာရွှေ့ပြောင်းရတာတွေလည်း အများအပြား ရှိနေပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းလောက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးပျက်ကျခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကမာစိုင်ကျေးရွာအနီးက သံကူ ကွန်ကရစ်တံတား ဩဂုတ်လ ၂ရက် ဒီကနေ့မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကျိုးကျသွားခဲ့တဲ့အတွက် ကားလမ်း ပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။
လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့သတင်းနဲ့အတူ MNDAA ကိုးကန့်တပ်က ရမခနဲ့ ဆက်စပ်နေတဲ့ အမှတ်၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ပြီး ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနဲ့ ဒဏ်ရာရသူအပါအဝင် ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း Eleven Media ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
“သမဝါယမက အခြေခံအားဖြင့်ကောင်းတယ်။ တကယ်ထိရောက်တာမျိုးလုပ်ရင် အကျိုးရှိတယ်။ မြန်မာပြည်မှာ မအောင်မြင်ခဲ့ဘူး။ နာမည်ပျက်ခဲ့တယ်။ လက်ရှိ အုပ်ချုပ်စီမံတဲ့စနစ်အရ အောင်မြင်စရာမရှိဘူး။ တကယ်လက်တွေ့ လုပ်နိုင်လားဆိုတာ အများကြီးသံသယရှိတယ်။ စိတ်ကူးပေါက်သလိုပြောနေတာမျိုးပါ။” (စီးပွါးရေးပညာရှင်တဦး)
စစ်ရေးတင်းမာပြီးတိုက်ပွဲဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြောပါတယ်။ စစ်ကိုင်းတိုင်း ကနီဘက်မှာလည်း စစ်သင်္ဘောတွေတိုက်ခိုက်ခံရလို့ စစ်ကောင်စီက လေကြောင်း ပစ်ကူတိုက်ခိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရေကာတာ ဖွင့်ချလိုက်ပြီးနောက် ဘီလူးချောင်းတလျှောက်က ရေဘေးသင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ရှိခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြဖို့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) မှာပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စက်သုံးဆီ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတဲ့ နယ်ခံတွေက ပြောကြပါတယ်။ စက်သုံးဆီရဖို့ အချိန်ကြာ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိသလို၊ ဝယ်မရတဲ့အထိ ကြုံရသူတွေလည်း ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အရေးပေါ်ကာလထပ်တိုးလိုက်တာဟ စစ်အုပ်ချုပ်မှုကို အပြင်းအထန်ဆန့်ကျင်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်