ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တခုတည်းသောလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် ပြီးနောက် ရေတပ်အနီးအနားကို စစ်ကောင်စီလေကြောင်းကနေ ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အတွက်ဆိုပြီး လူနဲ့ သံဃာဝတ် အပါအဝင် အိမ်စီးကား အနည်းငယ်ဟာ အလံကိုင်ပြီး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေမဖြစ်စေဖို့ အဲဒီလူတစုက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကို ထည့်သွင်းဆွေးနွေးသွားဖို့ရှိပါတယ်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံနဲ့ အုတ်ဖိုစုကျေးရွာမှာ သြဂုတ် ၂၇ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်သွားတယ်လို့ PDF ဘက်က ဗွီအိုအေကို ပြောပါတယ်။
Dawei Watch အွန်လိုင်းသတင်းဌာနက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ဒီနှစ်ဆန်းပိုင်းက ချခဲ့တယ်လို့ Dawei Watch အယ်ဒီတာက ဒီနေ့ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်၊ ပါချောင်မြို့နယ်ထဲက မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်း မြေပြို့မှုမှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး၀န်ထမ်း သုံးဦးထဲက မြန်မာနိုင်ငံသားတဦးကတော့ အောက်စီဂျင်ပြတ်ပြီး အသက်သေဆုံးသွားကြောင်း Nakhon Ratchasima မြို့ပိုင်က အတည်ပြုပြောကြားပါတယ်။
“ပစ်ခတ်နေတာကတော့ ပစ်နေတာက သုံးလေးရက်တော့ရှိပြီ။ သူတို့လက်နက်ကြီးအမြောက်ကုန်းကို KNLA-PDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ပြီးဝင်တိုက်နေတာ။ ပစ်နေတော့ မြန်မာစစ်တပ်ဘက်ကလည်း ပြန်ပြီး ရမ်းသမ်းပစ်နေတာ။ မနေ့ညတုန်းကတော့ လက်နက်ကြီးသံတွေကြားနေရတယ်။” (ဒေသခံ)
တရုတ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ သြဂုတ်လ ၂၇-၂၈ ရက်ဆွေးနွေးပွဲတွေအတွင်း မြန်မာ့အရေး စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကြေညာချက်က ဖော်ပြပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြ မထားပါဘူး။
အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအရေးကိစ္စ၊ ဒေသတွင်းကိစ္စတွေနဲ့အတူ မြန်မာအရေးကိုလည်း ထည့်ဆွေးနွေးခဲ့ကြတာကြောင့် မြန်မာ့အရေးကို နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
စစ်ကောင်စီ စီးပွားရေးမူဝါဒတွေဟာ သူတို့ စစ်နိုင်ရေးအထောက်အပံ့ဖြစ်စေဖို့ သက်သက်ဖြစ်နေပြီး၊ တိုင်းပြည်အတွက် စီးပွားရေးကပ်ဆိုးကျရောက်စေတယ်လို့ စီးပွားရေးပညာရှင် ရှောင်တာနယ်က ပြောပါတယ်။ NLD ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခ ရှောင်တာနယ်ကို မစုမြတ်မွန် မေးမြန်းထားပါတယ်။
"လုံလောက်တဲ့အလှည့်အပြောင်းကို တော့ မြန်မြန်ဆန်ဆန်လုပ်လို့ရပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာကတော့ လူတွေကိုဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကိုသိမ်းယူတာ၊ သွားလာမှုတွေကို ရပ်တန့်တာ၊ တခြားကန့်သတ်မှုတွေ စသဖြင့် အခု စစ်ကောင်စီက ချမှတ်လုပ်ဆောင်နေတာအားလုံးကို ဖယ်ရှားရပါမယ်။" (Sean Turnell - စီးပွါးရေးပညာရှင်)
စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ NLD ပါတီက ဦးဆောင်ပြီး မဲမသမာမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်