မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ တို့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် UNESCO အကြီးအကဲ Audrey Azoulay က ရှုတ်ချလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို ၂ ဆတိုး ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ လက်ရှိနှုန်းထက် အိမ်သုံးအမျိုးအစားရော၊ လုပ်ငန်းသုံးအမျိုးအစားပါ ၂ မျိုးလုံး ၂ ဆကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုမို ပြင်းထန်လာတယ်လို့ AA ဘက်ကပြောပါတယ်။ မောင်တောမှာတော့ ဓာတုအဆိပ်ငွေ့ပါ ဗုံးတွေကို ဒီရက်ပိုင်းအသုံးပြုတိုက်ခိုက်တယ်လို့ AA ဘက်က စွပ်စွဲပါတယ်။
မြန်မာပြည်မြောက်ပိုင်းနဲ့ တရုတ်- မြန်မာနယ်စပ်ဒေသက တရုတ်လူမျိုးတွေအတွက် အန္တရာယ်ဖြစ်နိုင်မယ့် လုပ်ရပ်အားလုံး ရပ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ခဲ့တာဖြစ်ပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့အနန်းကွင်းဗျူဟာစခန်းကိုရဖို့ ကြိုးစားနေတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့မြန်မာနိုင်ငံမှာ တရုတ်နဲ့နီးကပ်စွာ ဆက်ဆံမှုရှိပြီး တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှု လုပ်တယ်လို့ နာမည်ကြီးတဲ့ UWSA ဝတပ်ဖွဲ့ဟာ စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရာမှာ မပါဝင်ဘဲ အင်အားပိုကြီးမားလာနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။
“သူ့ပိုးလမ်းမစီမံကိန်းက ဗမာပြည်မှာပဲ ခက်နေတာ။ ကျန်တဲ့နေရာမှာတော်တော်အဆင်ပြေနေတာပေါ့နော်။ ဗမာပြည်က ပရောဂျက်တွေပဲ ခက်ခဲနေတာဖြစ်တော့ ဗမာပြည်ကိုပဲ ပိုဖိအားပေးတာပေါ့။ ဒါပေမယ့် သူတို့မဟာဗျူဟာက အဓိက,က စစ်ကောင်စီကို ဆွေးနွေးစားပွဲပေါ် ရောက်အောင် တွန်းပို့တာ။" (ဒေါက်တာလှကျော်ဇော)
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ မြန်မာဘက်က ဝင်လာတဲ့စိတ်ကြွဆေးပြား အလုံးရေ ၁၁ သန်းကို ထိုင်း နယ်ခြား စောင့်တပ်နဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမြောက်ပိုင်းအမှတ် (၃) ဒေသ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တခုတည်းသောလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် ပြီးနောက် ရေတပ်အနီးအနားကို စစ်ကောင်စီလေကြောင်းကနေ ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အတွက်ဆိုပြီး လူနဲ့ သံဃာဝတ် အပါအဝင် အိမ်စီးကား အနည်းငယ်ဟာ အလံကိုင်ပြီး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေမဖြစ်စေဖို့ အဲဒီလူတစုက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကို ထည့်သွင်းဆွေးနွေးသွားဖို့ရှိပါတယ်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံနဲ့ အုတ်ဖိုစုကျေးရွာမှာ သြဂုတ် ၂၇ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်သွားတယ်လို့ PDF ဘက်က ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်