စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လက်ရှိ နွေဦးတော်လှန်ရေးဟာ ၁၉၈၈ခုနှစ်က စတင်ခဲ့တဲ့ ၈၈၈၈ လူထုလှုပ်ရှားမှုကြီးရဲ့ အဆက်ဖြစ်ပြီး အဆုံးသတ်အောင်ပွဲအဖြစ် ရည်မှန်းထားကြောင်း မန္တလေး CDM လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဗွီအိုအေကိုပြောပါတယ်။
နတ်မြစ်ထဲမှာ အင်္ဂါနေ့က နစ်မြုပ်သွားတဲ့ လှေပေါ်ပါလာသူ ရိုဟင်ဂျာအလောင်း စုစုပေါင်း ၃၄ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်တပ်အသိုင်းအဝိုင်း၊ ဝန်ထမ်းနဲ့ ဒေသခံတွေ မြို့ကို စွန့်ခွါတိမ်းရှောင်နေကြပါတယ်။ ပြောင်းရွှေ့တဲ့ သူများတဲ့အတွက် ပြင်ဦးလွင်အဆင်းမှာ ယာဉ်တန်းပိတ်ဆို့တာတွေပါ ရှိနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ၃၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံ မြို့နယ်အတော်များများက တော်လှန်ရေးအင်အားစုတွေ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ချီတက် ဆန္ဒပြပွဲ ကျင်းပခဲ့ကြသလို၊ ဆွေးနွေး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက နေရာ ၄နေရာကို ဒီကနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ အရင်က ပြည်ပ ဝေဖန်သုံးသပ်သူတွေက ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့တဲ့ အစုအဖွဲ့ တွေကြား စုစည်းဆောင်ရွက်နေတာကို တွေ့မြင်နေရတယ်လို့ စစ်ရေး လေ့လာသူ တဦးက သုံးသပ်လိုက်ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကပိုပြီး ကျဆင်းလာဖို့ရှိတယ်လို့လည်း သုတေသီတဦးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
“လက်ရှိ အခြေအနေက ပြည်ပ ဝေဖန်သုံးသပ်သူတော်တော်များများက မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ကြတဲ့နည်းလမ်းတွေနဲ့ ဒီအစုအဖွဲ့ အသီးသီးကြား စုစည်းညီညွတ်စွာနဲ့ ညှိနှိုင်းဆောင်ရွက်နေတာကို တွေ့မြင်နေရတာပါ။” (ပါမောက္ခ Zachary Abuza- စစ်ရေးကျွမ်းကျင်သူ National War College)
“အခုလိုမျိုး ရမခကြီးတခုလုံး ကျဆုံးသွားရတဲ့အဓိကအကြောင်းရင်းကတော့ စစ်ကောင်စီတပ်တွေ အပေါ်မှာ လူထုထောက်ခံမှုမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ လူထုတွေက တပ်ဖွဲ့တွေကို သတင်းပေးရမယ့်အစား တော်လှန်ရေးအင်အားစုတွေကို ကူညီနေတယ်။ စစ်ကောင်စီလိုလားတဲ့ အရာမှန်သမျှကိုဆန့်ကျင်နေပြီးမှ ..." (ခွန်ဘီတူး-KNDF ဥက္ကဋ္ဌ)
ကန့်ဘလူတောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်း အင်အား ၅၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးနေကြပြီး ကျေးရွာ ၁၃ ရွာလောက်က နေအိမ်တွေ မီးရှို့ခံခဲ့ရတာကြောင့် စစ်ဘေးရှောင်နေရသူတွေအတွက် နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေများနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၅ ခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ အကူအညီတွေပေးနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောလိုက်ပါတယ်။
နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရေးနိမ့်လာချိန် စစ်ကောင်စီအကြီးအကဲက မိန့်ခွန်းပြောရာမှာ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့အပြီး ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုတွေဟာ အကျိုးမရှိနိုင်ဘူးလို့လည်း ပြောကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PNLA ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို၊ လုံခြုံရေးစိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတာပါ။
နောက်ထပ်ကြည့်ရှုရန်