မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၅ ခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ အကူအညီတွေပေးနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောလိုက်ပါတယ်။
နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရေးနိမ့်လာချိန် စစ်ကောင်စီအကြီးအကဲက မိန့်ခွန်းပြောရာမှာ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့အပြီး ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုတွေဟာ အကျိုးမရှိနိုင်ဘူးလို့လည်း ပြောကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PNLA ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို၊ လုံခြုံရေးစိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတာပါ။
စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂၉ ဦး စီးနင်း လိုက်ပါလာတဲ့ လှေ နစ်မြုပ်သွားတာလို့ ဘင်္ဂလားဒေ့ရှ် Teknaf ဒေသ အုပ်ချုပ်ရေးကောင်စီဝင် Rashid Mia က AFP သတင်းဌာနကို ပြောပါတယ်။
ထိုင်း ဘတ်ငွေ သန်း ၆၀၀ ကျော် တန်ဘိုးရှိတဲ့ ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား (၆) သန်းနဲ့ Ice မူးယစ်ဆေး ၃၆၅ ကီလိုကို ပထုံဌာနီခရိုင်မှာဖမ်းမိခဲ့တယ်လို့ ဩဂုတ်လ ၄ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဒုသမ္မတ Harris အနေနဲ့ လာမယ့်ရွေးကောက်ပွဲ သူနဲ့တွဲဖက်မယ့် ဒုသမ္မတလောင်းအဖြစ်ရွေးချယ်လိုက်သူ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရးမှုး Tim Walz ဟာ လူမျိုးရေးကွဲပြားမှုအပေါ် မျှတတဲ့အမြင်ရှိသူ အောက်ခြေလူထုနဲ့တသားတည်းရှိသူလို့ မြန်မာနွယ်တချို့က မြင်ကြပါတယ်။ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
"တချို့ရက်တွေမှာကတော့ လေယာဉ်နဲ့ ဗုံးကြဲတာရှိသလို တချို့ရက်တွေမှာ ဒရုန်းနဲ့ကြဲတာရှိတယ်၊ တချို့ရက်တွေက လက်နက်ငယ်နဲ့ပေါ့နော် အဲ့လိုပုံစံနဲ့ ရှိပါတယ်။ လောလောဆယ်ကတော့ ဒီလွိုင်ကော်မြို့အပြင် တချို့မြို့နယ်မှာလည်း ကြိုကြားကြိုကြား ထိတွေ့မှုတွေ ရှိပါတယ်။" (ကိုဗညား-IEC အတွင်းရေးမှူး (၂)
မြန်မာနိုင်ငံဟာ ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းအဆင့် နံပါတ် (၂) မှာရှိပြီး မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာမှာ တတိယ အသေအပျောက်အများဆုံးဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ACLED အဖွဲ့ က ဩဂုတ်လ ၆ ရက်နေ့ နှစ်ပတ်လည် သုံးသပ်ချက်ပုံပြမှာ ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ကြောင်းကြေညာထားတဲ့ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံတဒါဇင်ကျော် သေဆုံးခဲ့ကြောင်းနဲ့ မတ္တရာမြို့နယ်ထဲမှာလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို စစ်ကောင်စီအကြီးအကဲက အပြစ်ဖို့လိုက်တဲ့အပေါ် အကဲခတ်တွေက ဝေဖန်လိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေဈေးကြီးပြီး ပစ္စည်းပြတ်လပ်တာမျိုးတွေ ရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဒုက္ခရောက်နေတဲ့အပေါ် အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကြောင့်လို့ စစ်ကောင်စီ အကြီးအကဲက ပြစ်တင်ပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်