မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေကို တရုတ်နိုင်ငံက အထူးအလေးပေး စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှာ ပုံမှန်လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian က သောကြာနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်တပ်က သောကြာနေ့ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လားရှိုးမြို့ခံတွေ စိုးရိမ်နေကြပါတယ်။
စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံအလုပ်သမားတွေရဲ့ လစာငွေထဲက အခွန်ကောက်ယူဖို့အတွက် စက်မှုဇုန်စီခံခန့်ခွဲရေး ကော်မတီတွေကတဆင့် စက်ရုံတွေကို အဆင့်ဆင့်ညွှန်ကြားထားတယ်လို့ ပြည်တွင်းက အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
လစာငွေ ကျပ်လေးသိန်းကျော်တဲ့ စက်မှုဇုန် အလုပ်သမားတွေကို အခွန်ကောက်ခံဖို့အတွက် စက်ရုံတာဝန်ရှိသူကို စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း ပြည်တွင်း အလုပ်သမား အဖွဲ့အစည်းတွေက ဗွီအိုအေက ပြောပါတယ်။ ဝင်ငွေပမာဏနဲ့ မိသားစု အချက်အလက်အလိုက် စိစစ်မှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၉ ရက် ညပိုင်းနဲ့ ၃၀ ရက်မနက်ပိုင်းတို့မှာ ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ တို့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် UNESCO အကြီးအကဲ Audrey Azoulay က ရှုတ်ချလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို ၂ ဆတိုး ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ လက်ရှိနှုန်းထက် အိမ်သုံးအမျိုးအစားရော၊ လုပ်ငန်းသုံးအမျိုးအစားပါ ၂ မျိုးလုံး ၂ ဆကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုမို ပြင်းထန်လာတယ်လို့ AA ဘက်ကပြောပါတယ်။ မောင်တောမှာတော့ ဓာတုအဆိပ်ငွေ့ပါ ဗုံးတွေကို ဒီရက်ပိုင်းအသုံးပြုတိုက်ခိုက်တယ်လို့ AA ဘက်က စွပ်စွဲပါတယ်။
မြန်မာပြည်မြောက်ပိုင်းနဲ့ တရုတ်- မြန်မာနယ်စပ်ဒေသက တရုတ်လူမျိုးတွေအတွက် အန္တရာယ်ဖြစ်နိုင်မယ့် လုပ်ရပ်အားလုံး ရပ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ခဲ့တာဖြစ်ပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့အနန်းကွင်းဗျူဟာစခန်းကိုရဖို့ ကြိုးစားနေတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့မြန်မာနိုင်ငံမှာ တရုတ်နဲ့နီးကပ်စွာ ဆက်ဆံမှုရှိပြီး တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှု လုပ်တယ်လို့ နာမည်ကြီးတဲ့ UWSA ဝတပ်ဖွဲ့ဟာ စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရာမှာ မပါဝင်ဘဲ အင်အားပိုကြီးမားလာနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်