မြန်မာနိုင်ငံမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို စစ်ကောင်စီအကြီးအကဲက အပြစ်ဖို့လိုက်တဲ့အပေါ် အကဲခတ်တွေက ဝေဖန်လိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေဈေးကြီးပြီး ပစ္စည်းပြတ်လပ်တာမျိုးတွေ ရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဒုက္ခရောက်နေတဲ့အပေါ် အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကြောင့်လို့ စစ်ကောင်စီ အကြီးအကဲက ပြစ်တင်ပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ကစက္ကူစက်ရုံကို အလုပ်သမားတွေကိုအကြောင်းမကြားဘဲ ပိတ်သိမ်းခဲ့ပြီး နစ်နာကြေးပေးတာလည်းနည်းနေတာကြောင့် Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့က လိုက်ပါဆောင်ရွက်ပေးခဲ့တာမှာ မြန်မာအလုပ်သမား ၃၈၀ အတွက် နစ်နာကြေး ဘတ်ငွေ ၁၈ သန်းကျော်ရခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူအခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာတွန်အင်ဒရူးရဲ့အစီရင်ခံစာ ထွက်ပေါ်လာပြီးမှာ ထိုင်းဘဏ်တွေအနေနဲ့ စိစစ်မှုတွေ စတင် လုပ်ဆောင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေ ပိုလုပ်လာတယ်လို့ ပြည်တွင်းသုံးစွဲသူတွေကပြောပါတယ်။ စစ်တမ်းတွေအရ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဒါဇင်ကျော် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးမှုတွေရှိခဲ့အကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံနေရာ တော်တော်များများမှာ စက်သုံးဆီရှားပါးနေတာ သီတင်း ၁ ပတ် ကျော်ပြီလို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။ လိုသလောက် မရတာကြောင့် ပြင်ပမှာ ဈေးကြီးပေး သုံးစွဲနေရတယ်လို့လည်း ပြောပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ့်အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်