ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ AEON Orange အရောင်းဆိုင် ဒါရိုက်တာ အသက် ၅၃ နှစ်အရွယ် Hiroshi Kasamatsu ကို တရားရုံးက ထောင်ဒဏ် ၁ နှစ် စီရင်ချက် ချလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့အပြီး အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ စစ်ကောင်စီဘက်က မကြာသေးခင်ရက်တွေက အပါအဝင် ၃ ကြိမ်ခန့် ကြိုးစားခဲ့ကြောင်း နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စစ်မြေပြင်အတွင်း ထိခိုက်ဒဏ်ရာရသူတွေ၊ သုံ့ပန်းတွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး နိုင်ငံတကာ သဘောတူညီချက်တွေကို မသိကျိုးကျွံ ပြုနေကြတဲ့အကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးရဲ့ အကြီးအကဲက ပြောဆိုပါတယ်။
လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလုပ်ငန်းတွေကို နယ်မြေလုံခြုံရေး အခြေအနေအရ ဆိုင်းငံ့လိုက်ပြီး၊ လုံခြုံမှုရှိပြီး သင့်တော်တဲ့အချိန်မှာ ပြန်လည်ပတ်မှာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ သီပေါမြို့နယ်တွေမှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် နောင်ချိုမြို့နယ်က အနည်းဆုံး ကျေးရွာ ၈ရွာက အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီး စစ်ကောင်စီ လက်ကျန် ရေတပ်စခန်းကို အာရက္ခတပ်တော်AA က ဆက်လက် ထိုးစစ်ဆင်နေပြီး၊ တချိန်တည်းမှာပဲ ကပ်လျက်ရှိနေတဲ့ ဂွမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ်မြို့မှာ ဆိုရင်လည်း နယ်မြေမတည်ငြိမ်မှုတွေ၊ စီးပွားရေးနဲ့ ငွေကြေးပြဿနာတွေကြောင့် တရုတ်နိုင်ငံကို သွားရောက်သူတွေ တနေ့တခြား များလာနေတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်မြို့ စနမ်ချိုင်ကျေးရွာအုပ်စု ၆မှာ ရှိတဲ့သင်္ဘောကျင်းတခုမှာ ဩဂုတ်လ ၉ ရက်နေ့က အလုပ်သမားများအလုပ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် မြန်မာအလုပ်သမား ၇ ဦးဒဏ်ရာရပြီး ၂ ဦးကတော့ ပေါက်ကွဲမှုကြောင့်သေဆုံးသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေ အပါအဝင် ဒါဇင်နဲ့ချီ သေကျေထိခိုက်ခဲ့ရကြောင်း Reuters သတင်းက ဖော်ပြလိုက်ပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲကြဖို့ တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်ဖျောင်းဖျနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mao Ning က ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာကို မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံး ၊ ရဲစခန်း ၊ ဆောက်လုပ်ရေးရုံးနဲ့ မြို့နဲ့ ၁ မိုင်ခွဲအကွာက တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ ရဲကင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က စတင်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ်တယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်