အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးဟာ ဩဂုတ် ၂၆ ရက် ဒီကနေ့ မနက်ကစပြီး အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ သတ်မှတ်ထားတဲ့ရက် ပြည့်တဲ့အထိ အကျဉ်းကျခံပြီးဖြစ်တာမို့ ပြန်လွှတ်ပေးဖို့ အစာအငတ်ခံ ဆန္ဒပြနေတာ ဖြစ်တယ်လို့..
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ယူခံရတာ ခပ်စိပ်စိပ်ရှိနေပြီး၊ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခုကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာလည်း လူငယ်တွေကို ဖမ်းဆီးခေါ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မယ့်နယ်မြေဟာ မူဆယ်မြို့နယ်အစပ်ကနေ လောက်ကိုင်မြို့နယ်ဘက်အခြမ်းထိ ပါဝင်ပြီး ဒီကနေ့မှာတော့ နယ်စပ်ဒေသမှာ တရုတ်စစ်ရဟတ်ယာဉ်တွေ ပျံသန်းတာတွေရှိနေကြောင်းနဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေကလည်း ဒီလ ၂၈ရက်နေ့မှာ မူဆယ်ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေကြောင်း မူဆယ် ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရတဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပပြီး မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ ပါမောက္ခ Dr. Muhammad Yunus အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီ ဆက်ပေးသွားဖို့ ပိုင်းဖြတ်မှုကိုကြိုဆိုပြီး ရိုဟင်ဂျာအရေး နိုင်ငံတကာကထောက်ပံ့ပေးကြဖို့ Dr. Yunus ရဲ့တောာင်းဆိုမှုကိုလည်းထောက်ခံကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးကထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဩဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဩဂုတ်လ ၂၃ရက်မနက်အစောပိုင်းက မြေပြိုကျခဲ့တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦး အပါအဝင် သေဆုံးသူ ၁၃ ဦးထိရှိတယ်လို့ ဖူးခက် အုပ်ချူပ်ရေးမှူးက သတင်းထောက်တွေကိုပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အခက်အခဲတွေ ပိုတိုးလာနေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူမှုအသိုင်းအဝန်းတွေ အစုအလိုက်အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ၇ နှစ် ပြည့်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ICJ တရားရုံးမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ ၂၀၁၇ ခုနှစ် ဖြစ်ရပ်ဟာ ဒီနေ့မှာ ၇ နှစ်ပြည့်ခဲ့ပြီး လက်ရှိမှာလည်း ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေချိန်မှာ တိုက်တွန်းခဲ့တာပါ။
မြေပြိုကျမှုကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့တာပါ။ လောလောဆယ် ပြန်ရထားတဲ့အလောင်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ယောက်၊ ရုရှားစုံတွဲ ၁ တွဲနဲ့ ထိုင်းတချို့ပါတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုး တကျော့ပြန် ဖြစ်ပွါးလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Turk က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်