မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးမပြုအောင် အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန် ကော်မတီ ဥက္ကဋ္ဌက ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အင်အားထောင်ချီတဲ့ ဝတပ်တွေဟာ တန့်ယန်းမြို့ကို ရောက်ရှိလာပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ရခိုင်ပြည်နယ်အတွင်းကို ကုန်စည်တွေစီးဆင်းနေတဲ့ လမ်းကြောင်းကို ဗဟိုလိုင် လူငယ်အဖွဲ့က ပိတ်ထားတာကြောင့် ရာနဲ့ချီတဲ့ ရခိုင်ကုန်သည်တွေ ပိတ်မိနေပြီး အခက်ကြုံနေရပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်လို့ မရတော့တဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေပုံ ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကစစ်ရှောင်တွေ အများဆုံးသွားရောက် ခိုလှုံနေကြတဲ့ တောင်ကြီးမြို့ပေါ်မှာ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ နေရာထိုင်ခင်း မရှိသလို၊ အိမ်ငှားရမ်းဖို့အတွက်လည်း ငွေကြေးအများအပြား သုံးစွဲနေရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအစမှာ စစ်ဗျူဟာအရ အရေးပါတဲ့ မန္တလေးတိုင်းနဲ့ဆက်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက နောင်ချိုကို အပြီးသတ်သိမ်းပိုက်နိုင်တာဟာ စစ်ရေးအရ အလွန်အရေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (မန္တလေး) ရဲ့ပြောခွင့်ရ ကိုအော်စမွန်က ဗွီအိုအေကိုပြောပါတယ်။
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ဆောက်လုပ်ရေးလုပ်သား စေလွှတ်တာကို မြန်မာအလုပ်သမားရေးဌာနက ယာယီရပ်ဆိုင်းထားပါတယ်။ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူတွေ အမှန်တကယ် လုပ်ငန်းခွင်ထဲမရောက်တဲ့ ပြဿနာတွေကြောင့်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာဘက် မြဝတီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေ လောင်းကစားဝိုင်းတွေမှာ နိုင်ငံခြားသားတွေရောင်းစားခံရတာ၊ အတင်းအကြပ်အလုပ်စေခိုင်းခံရတာတွေ ခပ်စိတ်စိတ်ဖြစ်လာတဲ့ပြဿနာကိုဖြေရှင်းဖို့ ထိုင်းအစိုးရက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့လိုအပ်ကြောင်း ထိုင်းအတိုက်အခံအမတ်တဦးက သတိပေးလိုက်ပါတယ်။
“စုစုပေါင်း ရေနစ်သေတာတော့ စာရင်းအရတော့ ၅ ယောက်လောက်ရှိတယ်၊ ဒါပေမယ့် တယောက်ပဲ ပိုင်ရှင်မဲ့၊ ကျန်တာက ပိုင်ရှင်ရှိတယ်ဗျ။ ပျောက်ဆုံးနေသူတော့ ရှိတော့ ရှိသေးတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားတာ ကျနော်တို့ ရှာတာရှာတယ်။" (မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး)
မြန်မာနိုင်ငံက တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်ကနေ မန္တလေးအထိ လမ်းကြောင်းတလျှောက်လုံးလက်လွှတ်ရမဲ့ အနေအထားရောက်နေပြီလို့ အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာဘဏ်တွေမှာ လူအများငွေထုတ်ရခက်လာချိန်၊ ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက နေပြည်တော်ခေါ်ပြီး ဆွေးနွေးတာကြောင့် ဈေးကွက်ရိုက်ခတ်သွားတယ်လို့ ထောက်ပြနေကြပါတယ်။
စစ်ကောင်စီရဲ့ နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ခန့် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဒီနေ့ ညနေ ၃နာရီ ဝန်းကျင်မှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်