တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေးနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖေဖော်ဝါလအတွင်း ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာလူငယ်တွေကို ဂျပန်ဗဟိုအစိုးရက လက်ခံပေးရေး ဖိအားပေး လုပ်ဆောင်ပေးဖို့ ဒေသန္တရ အစိုးရတွေကို ဂျပန်မှာရောက်နေကြတဲ့ မြန်မာလူမျိုးတွေက စည်းရုံး တောင်းဆိုနေကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အားနည်းတဲ့ စစ်အစိုးရတရပ် ဆက်လက် ရပ်တည်စေလိုပြီး တခြား အင်အားစုတွေမှာလည်း သူ့ သြဇာကို ချထားကာ အထိန်းအကွပ် တခုနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံဖြစ်ဖို့ အလို ရှိနေတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူတဦးက ပြောလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာချိန်မှာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ သိသိသာသာ ကျဆင်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္သည်စခန်းတွေဆီသွားခဲ့ကြတဲ့ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့က ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်းအွန်လိုင်းရာဇဝတ်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ USIP ထုတ်ပြန်တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
“မနှစ်က အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဆုံးရှုံးကြောင်း တိုင်ကြားမှုတွေ ရှိပါတယ်။ ဒါက တိုင်ကြားမှုရှိတဲ့ ပမာဏသက်သက်ပါ။ လိမ်လည်ခံရတဲ့ သားကောင် အများစုက သတင်းပို့တိုင်ကြားတာမျိုး မရှိပါဘူး။ ဆိုတော့အမေရိကန်မှာ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေတာပါ။" (Jason Tower-USIP မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး)
တနင်္သာရီနဲ့ ဘုတ်ပြင်းကြား စစ်ကောင်စီရဲ့ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကို မေ ၁၁ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ အဲဒီစခန်းက ဘုတ်ပြင်းမြို့အခြေစိုက် စကစ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းအထိုင်ချတဲ့ စခန်းဖြစ်ကြောင်း Black Cobra Column ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေရှိရာ ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေ ရင်ဆိုင်နေရပြီး၊ သေဆုံး၊ နာမကျန်းသူတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
တိုင်းရင်းသားအဖွဲ့တချို့ အပါအဝင် မြန်မာ အတိုက်အခံအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယ အကြီးအကဲ မစ္စတာ Komura Masahiro ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကြောင်း AA အာရက္ခတပ်တော်က ငြင်းဆန်လိုက်ပါတယ်။
အာရှ ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် လေးနှစ်ဆက်တိုက်တိုးလာပြီး တသန်း ခွဲလောက်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံကအရေအတွက် အများဆုံး ၁ သန်း ၃ သိန်း လောက်ရှိတဲ့အကြောင်း ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်