ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်မြို့နယ်ဟာ စစ်ကောင်စီ တပ်စခန်းတွေ အများဆုံး တည်ရှိတဲ့ နေရာတခု ဖြစ်ပါတယ်။
ဖမ်းဆီးခံထားတဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုထားတာဟာ အခြေအမြစ်မရှိ စွဲဆိုတာဖြစ်ပြီး ဒီစွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ ICJ က မေလ ၁၆ ရက်နေ့တုန်းက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ သက်မွေးပညာသင်တန်းတွေအပါအဝင်၊ ပညာရေးအစီစဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အထောက်အကူဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ မေလ ၁၆ ရက်၊ ကြာသပတေးနေ့က စစ်ကြောင်းနဲ့ ရွာတွေထဲကို ၀င်ပြီး နေအိမ်တွေ မီးရှို့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဗွီအိုအေကိုပြောပါတယ်။
အပူချိန်အမြင့်ဆုံးဒဏ် ခံနေရတဲ့ မကွေးတိုင်း၊ ချောက်မြို့မှာဆိုရင် သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့မှာလည်း အပူဒဏ်နဲ့ ဆက်စပ်တဲ့ လူနာတွေကို ပိုပြီး ကူညီပေးနေရတယ်လို့ ပရဟိတ ကူညီသူတွေက ပြောပြပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ၆ ယောက် သေဆုံးခဲ့ပါတယ်။ ခရိုင် ၂ ခုထဲမှာ ထိခိုက်ဒဏ်ရာရသူကလည်း ၁၂ ယောက်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေလည်း ၁၀ ဦးထက်မနည်းရှိပါတယ်။
မန္တလေးတိုင်း ဒေသတချို့မှာ လူငယ်တွေကို အကြပ်ကိုင်ပြီး မဖြစ်မနေ စစ်မှုထမ်းခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရတဲ့ မိသားစုတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသတချို့မှာတော့ တချို့လူငယ်တွေဟာ စစ်ထဲမဝင်ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲ ဝင်နေကြတယ်လို့ ဒေသခံ PDF တာ၀န်ရှိသူတွေက ပြောပြပါတယ်။
တရားရုံးသတ်မှတ်ထားတဲ့ နှုန်းထက် တိုးမလား လျော့မလားဆိုတာကို အတိအကျ မသိရသေးပေမဲ့ သတ်မှတ်ထားတဲ့နှုန်းထက် လျှော့ချပြီး ထပ်မံလေလံပစ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တောင်းဆိုမည့် အလားအလာများတယ်လို့ နီးစပ်သူတွေက ခန့်မှန်းပါတယ်။
“ပထမ ဦးစားပေးအနေနဲ့ ဒီ ၆ နှစ်အတွင်း ကျောင်းပြီးအောင်လုပ်မယ်။ ဒုတိယအချက်ကျောင်းတကျောင်းလုပ်ချင်တယ်။ ဥပမာ − တက္ကသိုလ်တခုလို ပုံစံမျိုး ကိုယ့်ဒေသမှာ ကိုယ့်လိုကျောင်းတက်ဖို့ အခွင့်အလမ်းမရတဲ့သူတွေကို ကိုယ်ကြုံရတဲ့ ပုံစံမျိုး မဖြစ်ရအောင် လုပ်ချင်တယ်။" (ကိုကျော်ဆန်းလှိုင်- Paul & Daisy Soros Fellowship)
"စားဝတ်နေရေးက အရင်ကထက်ပိုပြီးတော့ ကျပ်တည်းလာတယ်၊ ပိုပြီးတော့ ခက်ခဲလာတယ်။ ဆန်ဆိုလည်း အရင် ၃,၀၀၀ နဲ့ဆိုရင် အခု ၅,၀၀၀ ကျော်၊ ၆,၀၀၀ ပေးပြီးတော့ စားရတယ်။ အသားဟင်းဆိုလည်း အဲ့လိုပေါ့ အမြဲတမ်းကြီး နေ့တိုင်းမစားနိုင်ဘူးပေါ့။" (ရန်ကုန်မြို့ခံတဦး)
"လက်ဖက်က ကျနော်တို့ကနပ်နေမှ မြန်မာပြည်ကလူတွေ ကြိုက်ကြတဲ့ အနေအထားမှာရှိတယ်ပေါ့နော်။ တရုတ်က အဲဒါကို ဆေးတင်ပစ်လိုက်တယ်။ သိတဲ့သူတွေကတော့ ဒါကို လက်ဖက်အတုမှန်းတော့ လူတိုင်းသိတယ်။ ဒါပေမဲ့ တရုတ်စျေးကွက်က ပိုပြီးဖောက်နိုင်တယ်။ စျေးပေါလို့ပေါ့နော်။ နောက်တခုက အမြင်လှတယ်ပေါ့နော်။"(လက်ဖက်ဈေးကွက်လေ့လာသူ)
ပြည်ပကနေ ထိုင်းနိုင်ငံကိုလာရောက်နေထိုင်တဲ့ အာဏာရှင်အစိုးရကို ဖီဆန်သူတွေအတွက် ထိုင်းနိုင်ငံဟာ အန္တရာယ်ပိုများတဲ့နေရာဖြစ်လာပြီး ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း ထိုင်းအစိုးရကို အာခံတဲ့ ပြည်ပရောက်နေသူတွေအပေါ် ဖိနှိပ်မှုတွေ ပိုများလာကြောင်း HRW ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်