{{Zawgyi/Unicode}}
ႏိုင္ငံတကာအာကာသစခန္းကေန အာကာသယာဥ္မႉး ၄ ေယာက္ကို တင္ေဆာင္လာတဲ့ SPACEX ယာဥ္အိမ္ငယ္ေလးဟာ စေနေန႔က ကမၻာေျမကို ျပန္လည္ေရာက္ရွိလာပါတယ္။ ၁၉ နာရီၾကာခရီးႏွင္ခဲ့ၿပီးတဲ့ေနာက္ Tampa ၿမိဳ႕အနီး၊ ဖေလာ္ရီဒါကမ္းေျခအလြန္ မကၠဆီကို ပင္လယ္ေကြ႕ထဲက ပင္လယ္ျပင္ထဲကို ဒီ ယာဥ္အိမ္ငယ္ေလးက စေနေန႔က က်လာခဲ့တာပါ။
ပထမဆုံးဌာေနအေမရိကန္တိုင္းရင္းသူ နာဆာအာကာသယာဥ္မႉး Nicole Mann က ဦးေဆာင္ခဲ့ၿပီး သူနဲ႔အတူ နာဆာအာကာသယာဥ္မႉး Josh Cassada၊ ဂ်ပန္ အာကာသ ယာဥ္မႉး Koichi Wakata နဲ႔ ႐ုရွားအာကာသယာဥ္မႉး Anna Kikina တို႔လည္း အတူလိုက္ပါလာခဲ့ၾကပါတယ္။
ဒီ အဖြဲ႕ဟာ အာကာသစခန္းမွာ ၅ လ ၾကာေနခဲ့ၾကၿပီး သူတို႔ေနရာယူမယ့္ အာကာသယာဥ္မႉးအဖြဲ႕က လြန္ခဲ့တဲ့တပတ္က ႏိုင္ငံတကာအာကာသစခန္းကို ေရာက္ရွိလာခဲ့ၾကပါတယ္။ အသစ္ေရာက္လာတဲ့အဖြဲ႕မွာ အေမရိကန္ ၃ ေယာက္၊ ႐ုရွား ၃ ေယာက္နဲ႔ ယူေအအီး အာကာသယာဥ္မႉးတေယာက္တို႔ ပါဝင္ၾကပါတယ္။
=====================
{{Unicode}}
အာကာသစခန်းက ယာဉ်မှူး (၄) ယောက် ကမ္ဘာမြေပြင်ပေါ် ပြန်ရောက်
နိုင်ငံတကာအာကာသစခန်းကနေ အာကာသယာဉ်မှူး ၄ ယောက်ကို တင်ဆောင်လာတဲ့ SPACEX ယာဉ်အိမ်ငယ်လေးဟာ စနေနေ့က ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာပါတယ်။ ၁၉ နာရီကြာခရီးနှင်ခဲ့ပြီးတဲ့နောက် Tampa မြို့အနီး၊ ဖလော်ရီဒါကမ်းခြေအလွန် မက္ကဆီကို ပင်လယ်ကွေ့ထဲက ပင်လယ်ပြင်ထဲကို ဒီ ယာဉ်အိမ်ငယ်လေးက စနေနေ့က ကျလာခဲ့တာပါ။
ပထမဆုံးဌာနေအမေရိကန်တိုင်းရင်းသူ နာဆာအာကာသယာဉ်မှူး Nicole Mann က ဦးဆောင်ခဲ့ပြီး သူနဲ့အတူ နာဆာအာကာသယာဉ်မှူး Josh Cassada၊ ဂျပန် အာကာသ ယာဉ်မှူး Koichi Wakata နဲ့ ရုရှားအာကာသယာဉ်မှူး Anna Kikina တို့လည်း အတူလိုက်ပါလာခဲ့ကြပါတယ်။
ဒီ အဖွဲ့ဟာ အာကာသစခန်းမှာ ၅ လ ကြာနေခဲ့ကြပြီး သူတို့နေရာယူမယ့် အာကာသယာဉ်မှူးအဖွဲ့က လွန်ခဲ့တဲ့တပတ်က နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလာခဲ့ကြပါတယ်။ အသစ်ရောက်လာတဲ့အဖွဲ့မှာ အမေရိကန် ၃ ယောက်၊ ရုရှား ၃ ယောက်နဲ့ ယူအေအီး အာကာသယာဉ်မှူးတယောက်တို့ ပါဝင်ကြပါတယ်။