{{Zawgyi/Unicode}}
သမၼတေဟာင္းေဒၚနယ္ထရမ့္က နယူးေယာက္ မက္ဟန္တန္ေရွ႕ေန႐ုံးက ေပါက္ၾကားလာတဲ့အခ်က္အလက္ေတြအရ သူဟာ လာမယ့္အဂၤါေန႔မွာ သူဖမ္းဆီးခံရႏိုင္တယ္လို႔ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ စေနေန႔က ေရးသားေဖၚျပခဲ့ပါတယ္။
သူ႔ရဲ႕ Truth လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့တာျဖစ္ၿပီး “ဆႏၵျပကန႔္ကြက္ၾက၊ ငါတို႔တိုင္းျပည္ကို ျပန္လည္ရယူၾက” လို႔ သူ႔ကိုေထာက္ခံသူေတြကို တိုက္တြန္းလႈံ႔ေဆာ္ထားပါတယ္။ ဒါေပမယ့္လည္း သူ႔ကို ရာဇဝတ္မႈနဲ႔ဖမ္း မဖမ္းဆို တာကိုေတာ့ အာဏာပိုင္ေတြဘက္က အတည္ျပဳခ်က္ ထြက္ေပၚလာတာမ်ိဳးမရွိပါဘူး။ ဒါေပမယ့္လည္း ၿပီးခဲ့ရက္ပိုင္း ေတြတုန္းကေတာ့ နယူးေယာက္ၿမိဳ႕ လုံၿခဳံေရးတာဝန္ရွိသူေတြက သမၼတထရမ့္ကို စြဲခ်က္တင္သင့္သလားဆိုတာနဲ႔ သူအဖမ္းဆီးခံေရးနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးဆိုင္ရာကိစၥေတြ ေဆြးေႏြးေနတယ္လို႔ သတင္းမီဒီယာတခ်ိဳ႕မွာ ေဖၚျပခဲ့ပါတယ္။
ထရမ့္ကို ရာဇဝတ္မႈနဲ႔ တရားစြဲဆိုဖမ္းဆီးခဲ့ရင္ေတာ့ ဒါဟာ အေမရိကန္သမိုင္းမွာ သမၼတေဟာင္းတဦး ပထမဆုံးအႀကိမ္ အဖမ္းခံရတာျဖစ္လာမွာပါ။ သမၼတေဟာင္းတေယာက္ကို နာရီပိုင္းအတြင္း ဒါမွမဟုတ္ ရက္ပိုင္းအတြင္း စြဲခ်က္တင္ခဲ့ရင္ေတာ့ ဒါဟာ တခါမွမႀကဳံဖူးေသးတဲ့အျဖစ္အပ်က္ ျဖစ္လာမွာပါလို႔ Akron တကၠသိုလ္က ႏိုင္ငံေရးသိပၸံပါေမာကၡ David B.Cဝhenကေျပာပါတယ္။ အေမရိးကားမွာၾသဇာ အာဏာႀကီးမားသူေတြဟာ သူတို႔လုပ္ရပ္ကို တာဝန္ယူဖို႔ေရွာင္ရွားခဲ့တဲ့ ရွည္လ်ား တဲ့သမိုင္းေၾကာင္းရွိပါတယ္။
၁၉၇၄ ခုႏွစ္က Watergate ကိစၥနဲ႔ ႏုတ္ထြက္ခဲ့ရတဲ့ သမၼတနစ္ဆင္ကို သူ႔ေနာက္ တက္လာတဲ့သမၼတ Gerald Ford က လြတ္ၿငိမ္းခြင့္ေပးခဲ့ဖူးတယ္လို႔ Cohen ကေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ကိုလည္း ရာဇဝတ္မႈစြဲခ်က္ေတြနဲ႔ စစ္ေဆးခဲ့တာေတြရွိေပမဲ့ တခါမွစြဲခ်က္တင္ အဖမ္းမခံခဲ့ရဖူးပါဘူး။
သမၼတေဟာင္းထရမ့္ အဖမ္းမခံရဘူးဆိုရင္ေတာ့ သူဟာ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ သမၼတေလာင္းၿပိဳင္ပြဲမွာ ဆက္ရွိေနမွာျဖစ္ၿပီး ရစ္ပတ္ဘလစ္ကန္ပါတီရဲ႕ကိုယ္စားလွယ္ျဖစ္လာႏိုင္တယ္လို႔လည္း ပါေမာကၡ Cohen က သူ႔ရဲ႕ အျမင္ကို ေျပာခဲ့ပါတယ္။
===========
{{Unicode}}
သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား
သမ္မတဟောင်းဒေါ်နယ်ထရမ့်က နယူးယောက် မက်ဟန်တန်ရှေ့နေရုံးက ပေါက်ကြားလာတဲ့အချက်အလက်တွေအရ သူဟာ လာမယ့်အင်္ဂါနေ့မှာ သူဖမ်းဆီးခံရနိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စနေနေ့က ရေးသားဖေါ်ပြခဲ့ပါတယ်။
သူ့ရဲ့ Truth လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပြီး “ဆန္ဒပြကန့်ကွက်ကြ၊ ငါတို့တိုင်းပြည်ကို ပြန်လည်ရယူကြ” လို့ သူ့ကိုထောက်ခံသူတွေကို တိုက်တွန်းလှုံ့ဆော်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ကို ရာဇဝတ်မှုနဲ့ဖမ်း မဖမ်းဆို တာကိုတော့ အာဏာပိုင်တွေဘက်က အတည်ပြုချက် ထွက်ပေါ်လာတာမျိုးမရှိပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့ရက်ပိုင်း တွေတုန်းကတော့ နယူးယောက်မြို့ လုံခြုံရေးတာဝန်ရှိသူတွေက သမ္မတထရမ့်ကို စွဲချက်တင်သင့်သလားဆိုတာနဲ့ သူအဖမ်းဆီးခံရေးနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးနေတယ်လို့ သတင်းမီဒီယာတချို့မှာ ဖေါ်ပြခဲ့ပါတယ်။
ထရမ့်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖမ်းဆီးခဲ့ရင်တော့ ဒါဟာ အမေရိကန်သမိုင်းမှာ သမ္မတဟောင်းတဦး ပထမဆုံးအကြိမ် အဖမ်းခံရတာဖြစ်လာမှာပါ။ သမ္မတဟောင်းတယောက်ကို နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း စွဲချက်တင်ခဲ့ရင်တော့ ဒါဟာ တခါမှမကြုံဖူးသေးတဲ့အဖြစ်အပျက် ဖြစ်လာမှာပါလို့ Akron တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ David B.Cဝhenကပြောပါတယ်။ အမေရိးကားမှာသြဇာ အာဏာကြီးမားသူတွေဟာ သူတို့လုပ်ရပ်ကို တာဝန်ယူဖို့ရှောင်ရှားခဲ့တဲ့ ရှည်လျား တဲ့သမိုင်းကြောင်းရှိပါတယ်။
၁၉၇၄ ခုနှစ်က Watergate ကိစ္စနဲ့ နုတ်ထွက်ခဲ့ရတဲ့ သမ္မတနစ်ဆင်ကို သူ့နောက် တက်လာတဲ့သမ္မတ Gerald Ford က လွတ်ငြိမ်းခွင့်ပေးခဲ့ဖူးတယ်လို့ Cohen ကပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကိုလည်း ရာဇဝတ်မှုစွဲချက်တွေနဲ့ စစ်ဆေးခဲ့တာတွေရှိပေမဲ့ တခါမှစွဲချက်တင် အဖမ်းမခံခဲ့ရဖူးပါဘူး။
သမ္မတဟောင်းထရမ့် အဖမ်းမခံရဘူးဆိုရင်တော့ သူဟာ လာမယ့်ရွေးကောက်ပွဲအတွက် သမ္မတလောင်းပြိုင်ပွဲမှာ ဆက်ရှိနေမှာဖြစ်ပြီး ရစ်ပတ်ဘလစ်ကန်ပါတီရဲ့ကိုယ်စားလှယ်ဖြစ်လာနိုင်တယ်လို့လည်း ပါမောက္ခ Cohen က သူ့ရဲ့ အမြင်ကို ပြောခဲ့ပါတယ်။