အားလုံးပါဝင်သင့်တယ် ဆိုတဲ့ အချက်ကို အခြေခံပြီး စဉ်းစားရင်တော့ ကျင်းပပြီးသွားတဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ တရားဝင်ဖြစ်မှုဟာ သိပ်ပြီး အားရကျေနပ်စရာ မကောင်းပါဘူး။
တရုတ်နိုင်ငံရဲ့ တွန်းတွန်းတိုက်တိုက် ကြားဝင် ညှိနှိုင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် တပ်မတော်နဲ့ ၀ အဖွဲ့ဦးဆောင်တဲ့ တရုတ်နယ်စပ်က မဟာမိတ်အဖွဲ့တွေရဲ့ ဆက်ဆံရေး အလွန် တင်းမာတဲ့ အနေအထား ရောက်နေတာ တွေ့နိုင်ပါတယ်။
အခု ဒုတိယ အကြိမ်မှာတော့ ပထမ အကြိမ်တုန်းကလောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုံစုံညီညီ တက်ဖို့ မသေခြာ မရေရာပါဘူး။ ဒီနေရာမှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ကိစ္စကို အလေးထားပြောရတာကလည်း ငြိမ်းချမ်းရေး ဆိုတာ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား အဓိက တည်ဆောက်ရတာ ဖြစ်လေတော့ ဒါကိုပဲ အဓိကထား ပြောနေရခြင်း ဖြစ်ပါတယ်။
လက်ရှိ UPDJC မှာ ဆွေးနွေးပြီး သဘောတူညီချက် ရသွားတယ် ဆိုတာဟာ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်နည်းဘယ်ပုံ တည်ဆောက်မယ် ဆိုတဲ့ အထဲက ပုံသဏ္ဍာန် တစ်ခုကို သဘောတူလိုက်တာပဲ ဖြစ်ပါတယ်။ တကယ့် အနှစ်သာရကိစ္စတွေကိုတော့ မဆွေးနွေးရသေးပါဘူး။
တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြသနာ အတော်များများ ပြေလည်ဖို့၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြန်မြန်ပြင်နိုင်လေ ကောင်းလေပါပဲ။ ဒီအတွက်လည်း သိပ်ပြီး ခက်ခဲတာတော့ မဟုတ်ပါဘူး။
အဲဒီ မအောင်မြင်တဲ့ အချက်ကတော့ ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာတွေကို ကိုယ်ရ ကိုယ်ယူ အုံနာကြေးနဲ့ ပြေးဆွဲခိုင်းနေတဲ့ စနစ်ကနေ လခစား စနစ်ကို အောင်အောင်မြင်မြင် မပြောင်းလဲနိုင်တာပါ။
ကေအိုင်အိုရဲ့ သဘောထား ဘယ်လိုလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မေးမြန်းဖို့ လိုအပ်လာပါပြီ။ လက်ရှိ UNFC တပ်ပေါင်းစုနဲ့ ၀ တပ်ဖွဲ့ဦးဆောင်တဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်နှစ်ခုဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ UNFC အဖွဲ့ကတော့ NCA စာချုပ်လမ်းကြောင်းအတိုင်း ဆက်သွားနေပြီး ၀ တပ်ဖွဲ့ဦးဆောင်တဲ့ အဖွဲ့ကတော့ NCA ကိုလုံး၀ လက်မခံ၊ ပင်လုံညီလာခံ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာကိုလည်း ၁၉၉၃ ခုနှစ်က အရင် စစ်အာဏာရှင်တွေ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံလိုမျိုး ဘာမှ အသုံးမကျတဲ့ ညီလာခံ အဖြစ် ပြောဆိုနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
ပြန်ကြားရေးနဲ့ စာချုပ်ချုပ်ပြီး လုပ်ခွင့်ပေးတာဟာ အရင်ကလည်း ဒီလိုပဲ ပေးခဲ့ဖူးတာဖြစ်လို့ ထူးခြား၊ သိသာထင်ရှားတဲ့ မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ပေးမှုလို့ မမှတ်ယူနိုင်ပါကြောင်း...
နောက်ထပ် ပြသနာတစ်ခုက နိုင်ငံရေးပါတီတွေရဲ့ အနေအထားပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဲဒီ ပါတီတွေရဲ့ ခံယူပုံကြောင့်၊ မဲဆွယ်စည်းရုံးမှုတွေ အားနည်း၊ အဲလို အားနည်းချက်ကနေ တဆင့် ပြည်သူတွေ စိတ်ဝင်စားမှု နည်းရတာလည်း ပါပါတယ်။
တကယ်လည်း မောင်တောခရိုင်ထဲမှာ မူဆလင် လူဦးရေ ၇ သိန်းခွဲနီးပါးထဲမှာ NVC ကဒ် လုပ်ထားသူ ၄၆၀၀ ကျော်ပဲ ရှိနေတာပါ။ မူဆလင် လူဦးရေရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် NVC ကဒ် လုပ်မထားတာ တွေ့နိုင်ပါတယ်။
အရင် စစ်အာဏာရှင်တွေဟာ မြန်မာ့တပ်မတော် အရာရှိ အဆင့်တွေမှာ တိုင်းရင်းသားတွေကို ထည့်သွင်းခြင်းအားဖြင့် တစ်နေ့နေ့ ယူဂိုဆလားဗီးယား နိုင်ငံလို ပုန်ကန်မှုတွေနဲ့ ပြိုကွဲသွားနိုင်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆ ကိုင်စွဲပြီး တပ်မတော်ကို တည်ဆောက်ခဲ့တာပါ။
ကော်မရှင်ဟာ မူဆလင်တွေကို ဘယ်လို ဥပဒေနဲ့ နိုင်ငံသား စိစစ်ရမလဲ၊ ၁၉၈၂ နိုင်ငံသား ဥပဒေ ကို ပြင်ဆင်ဖို့ လိုမလား ဆိုတာကိုတော့ အကြံပေးမထားပါဘူး။ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အစိုးရအတွက် အခက်ခဲဆုံး ပြသနာကြီး ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့သာ တိတိကျကျ စိစစ်လိုက်ရင် အဲဒီဒေသက မူဆလင် အားလုံးနီးပါးလောက် နိုင်ငံသားဖြစ်ဖို့ မလွယ်ကူသလို၊ ဥပဒေအရ နိုင်ငံသား မဖြစ်ခဲ့ရင် အခြား အဆင့်အတန်း တစ်ခုခု သတ်မှတ်ပေးလို့လည်း မရနိုင်တဲ့ ပြသနာပါ။
ဲမြန်မာနိုင်ငံက အနုပညာရှင်တွေ အများကြီးထဲကမှ လက်တစ်ဆုတ်စာ လူတွေလောက်ပဲ အခွန်ဆောင်ကြတာ၊ ဆောင်တော့လည်း နည်းနည်းလေးပဲ အခွန်ဆောင်ကြတယ်ဆိုတာ တွေ့နိုင်ပါတယ်။
အထူးခြားဆုံးကတော့ ဒီပြဌာန်းချက်ပါ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတယ်လို့ ထင်တဲ့ ပြည်သူတွေက တိုင်ကြားလာရင် ဝန်ကြီးဌာနဟာ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ကြားရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ပိုပြီး အဓိကကျတာက ရဲစခန်းကို သွားတိုင်ရင်၊ သွားပြီး သတင်းပေးရင် ရဲစခန်းမှူးဟာ ပုဒ်မ ၁၅၄ နဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ပေးရမယ်၊ အဲဒါကို အကြောင်းမဲ့ ပျက်ကွက်ရင် ထောင်တစ်နှစ်ကနေ ၅ နှစ်အထိ ချခံရမယ် ဆိုတာပါပဲ။
၀ တပ်ဖွဲ့ဟာ အရင်တုန်းကလို ကိုယ့်လက်နက်ကိုယ်ကိုင်၊ ကိုယ့်ဒေသ ကိုယ်ထိန်းချုပ်ပြီး ကိုယ်လိုရာ အခွင့်အရေး ကိုယ်တောင်းနေ မယ်၊ မြန်မာ့နိုင် ငံရေးထဲ ဝင်မပါဘူး ဆိုတဲ့ သီးသန့်ဆန်တဲ့ ရပ်တည်ချက်ကနေ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိန်ခေါ်တဲ့ ခြေလှမ်း လှမ်းလာပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီးနောက် တစ်ဖက် UNFC က ပုဂ္ဂိုလ်တွေ၊ ကေအိုင်အို ခေါင်းဆောင်တွေဆီက တုန့်ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က သူတို့အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံ တက်ဖို့နဲ့ NCA လက်မှတ်ထိုးဖို့ ကိစ္စ သူတို့ တင်ပြထားတဲ့ အချက်(၈) ချက်ကို အစိုးရကနေ အောင်အောင်မြင်မြင် ညှိနှိုင်းပေးနိုင်မယ့် အပေါ် မူတည်တယ် ဆိုပြီး ပြောဆိုလိုက်ပါတယ်။ အလားတူပါပဲ။ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်ကလည်း သူတို့ UNFC က တင်ပြထားတဲ့ အချက်(၈) ချက် ပြေလည်မှ NCA လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်းသား အချင်းချင်း တန်းတူညီမျှတဲ့ ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ဖို့ ဆိုရင် အစိုးရခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ချည်းပဲ ညှိနှိုင်းနေလို့ မရပါဘူး။ အခြားသော အဆင့်အသီးသီးနဲ့ တိုင်းသူပြည်သားတွေ အားလုံးထဲမှာလည်း တစ်ဦးကို တစ်ဦးလေးစားဖို့၊ တစ်ဦးရဲ့ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းတွေကို တစ်ဦးက လေးစားသမှုရှိဖို့၊ အထူးသဖြင့် လူများစု ဗမာတိုင်းရင်းသားက အခြား လူနည်းစု တိုင်းရင်းသားတွေကို နားလည်ဖို့ အများကြီး ကြိုးစားအားထုတ်ကြရပါဦးမယ်။
ဖြစ်စဉ်ကိုကြည့်ရင် မှုခင်းကို ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့၊ တစ်နည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနဟာ ထုတ်ပြန်သင့်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ ပျက်ကွက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါတင်မက ဘားအံတံတားမှာ ဘယ်သူ့ကိုမှ ဖမ်းမိတာ မရှိဘူးလို့ ပြည်နယ်ရဲမှူးကြီး အဆင့်ရှိသူက သတင်းဌာနတွေကို လိမ်လည် ပြောဆိုပါတယ်။
ဒီလို အခြေအနေအောက်မှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ တိုင်းပြည်အာဏာ တစ်ချို့ တစ်ဝက်ရလာဖို့ ဆိုတာဟာ တပ်မတော်က တိုင်းပြည်ကို ပြန်အုပ်ချုပ်မှ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ် ပြန်ကျင့်သုံးမှ ဖြစ်မယ့်သဘော တွေးတောမိတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကာလုံ အစည်းအဝေး ခေါ်ဖို့ အကြိမ်ကြိမ် တောင်းဆိုတာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် လက်ရှိ အချိန်ထိ ကောင်းမွန်တဲ့ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းလို့ မပြီးသေးတာ၊ အခြေခံ အဆောက်အဦတွေ မကောင်းသေးတာ စတဲ့ အချက်တွေကြောင့် ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ဝန်ခံ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်