အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။
ယီမင်က ဟူသီသူပုန်တွေ သိမ်းထားတဲ့ ဆာနား မြို့တော်နဲ့ ယီမင်ဆိပ်ကမ်း တွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲရှိရာ နေရာနား မှာပါ ထိမှန်ခဲ့ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်မှာ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး လူသေဆုံးတာတွေ ရာနဲ့ချီကူးစက်တာတွေဖြစ်ခဲ့ပြီးနောက် တာ့ခရိုင်မဲဆောက်၊ မယ်ပ၊ ထုံထောင်းစတဲ့ နေရာတွေမှာပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူ မြန်မာ၂ဦးအပါအဝင် လူ ၄ ဦးကူးစက်ခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ် ။
ရုရှားကို ထွက်ပြေးသွားတဲ့ Assad နဲ့လူမျိုးတူ Alawite တွေ အဓိကနေထိုင်တဲ့ Tartus မှာ ယာယီ အစိုးရလုံခြုံရေးအဖွဲ့တွေက Assad ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဒီနေ့ စစ်ဆင်ရေး စတင်လိုက်ပြီး တချို့ကို သုတ်သင်ခဲ့တယ်လို့ SANA သတင်းအေဂျင်စီကပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ တိဘက်တောင်တန်း အရှေ့ဘက်ခြမ်းကိုပတ်ပြီးဆောက်မယ့် ဒီဆည်ကြောင့် မြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေအတွင်း ဒရုန်း ၃၁ စင်းထဲက အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ Chernihiv, Dnipropetrovsk, Kharkiv နဲ့ Kyiv ဒေသတွေမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလေကြောင်းတပ်က ပြောပါတယ်။
ဂျပန်နိုင်ငံက JAL လေကြောင်းလိုင်းကို ဆိုင်ဘာတိုက်ခိုက်မှုခံရတဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ကြန့်ကြာခဲ့ပါတယ်။ ဒေသစံတော်ချိန်မနက် ၇ နာရီခွဲလောက်မှာ စပြီးတိုက်ခိုက်ခံခဲ့ရပုံရကြောင်းနဲ့ တနာရီလောက်အကြာမှာ ပြဿနာဘာကြောင့်ဖြစ်သလဲဆိုတာသိရှိပြီး ဖြေရှင်းခဲ့တယ်လို့ JAL ကပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့နိုင်ငံတွေမှာ လူပေါင်း သိန်းချီ သေဆုံးခဲတဲ့ ဆူနာမီ ဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခံရတာ အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဆူနာမီလှိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ ဒီနေ့ ကျင်းပကြပါတယ်။
ဘရာဇီးနိုင်ငံမှာ ပြည်နယ်နှစ်ခုကိုချိတ်ဆက်ထားတဲ့ တံတားတစင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြိုကျခဲ့တဲ့အတွက် လူ (၄)ဦးသေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင်ကားပေါ်မှာပါလာတဲ့ ဆာဖျူရစ်အက်ဆစ်တွေလည်း Tocantins မြစ်ထဲဖိတ်စင်ကုန်တဲ့အတွက် ကယ်ဆယ်ရေးအတွက်နှောင့်နှေးစရာဖြစ်နေပါတယ်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းက လေယာဥ်တစီး ကာဇက်စတန် မှာ ပျက်ကျသွားခဲ့တဲ့အတွက် လူ ၃၈ ယောက် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာဇက်စတန် မြို့ Aktau အနီးမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေး အားထုတ်မှုတွေ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ အစ္စရေး နဲ့ ဟာမတ်စ်တို့ က ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန် စွပ်စွဲလိုက်ကြပါတယ်။ ၁၄ လကြာ ဂါဇာစစ်ပွဲ ရပ်နိုင်အောင် သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ နှစ်ဘက်လုံးက ပြောခဲ့ကြပေမဲ့ အခု အပြန်အလှန် စွပ်စွဲလိုက်ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကိုလွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အရှုပ်အထွေးဖြစ်စေ တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
အစ္စရေးမြို့တော် Tel Aviv ကို ပဲ့ထိန်းမစ်ဇိုင်းဒုံးတစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေက ထုတ်ဖေါ်ပြောဆိုပါတယ်။ Tel Aviv မှာ လေကြောင်းရန်အချက်ပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးခြင်းတော့ မရှိပါဘူး။
Embraer 190 အမျိုးအစား၊ အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ပြေးဆွဲတဲ့ လေယာဉ်အမှတ် J2-8243 က အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် Baku ကနေ ရုရှားပိုင် Chechnya နယ်မြေရဲ့မြို့တော် Grozny ဆီပျံသန်းစဉ် ခါဇတ်စတန်နိုင်ငံ Aktau မြို့နဲ့ တမိုင်ခွဲကျော်လောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ၂၈ ယောက်ထက်မနည်း အသက်ရှင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက ချက်ပြုတ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာမှာ ကလေးတဦးအပါအဝင် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး လူ ၃,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
မနက်ဖြန်ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာနဲ့ မြန်မာအပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ (နှစ်သိန်းနှစ်သောင်း) ကျော်သေဆုံးစေခဲ့တဲ့ ဆူနာမီရေလှိုင်းကြီး ရိုက်ခတ်ခဲ့တဲ့ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိလာအောင် ဝိုင်း၀န်း ဆုတောင်းကြဖို့ ဒီကနေ့ ခရစ္စမတ် အခါသမယမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တိုက်တွန်းလိုက်ပါတယ်။ ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ဘုရားကျောင်းမှာ ပုပ်ရဟန်းမင်းကြီးဦးဆောင်တဲ့ ခရစ္စမတ်နေ့ဆုတောင်းပွဲ အခမ်းအနားကို ဒီကနေ့ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။
ဆီးရီးယားအာဏာရှင် Bashar al-Assad ကို တိုက်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ Ahmad al-Sharaa နဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား အစည်းအဝေးတရပ်လုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်လာတာပါ။
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်ခေါင်းဆောင်တွေနဲ့ ပါကစ္စတန်နိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေအာဖဂန်မြို့တော် Kabul မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်ဝါဒစွပ်စွဲချက်တွေကြောင့် တနှစ်ကြာရပ်နားထားတဲ့ဆွေးနွေးပွဲတွေ ပြန်စလိုက်တာလည်းဖြစ်ပါတယ်။
ဂါဇာမြောက်ပိုင်းက Indonesian ဆေးရုံကနေ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က တွန်းအားပေးခဲ့တဲ့အတွက် မိုင်ချီဝေးတဲ့ နောက်ထပ်ဆေးရုံတခုဆီလူနာအတော်များများရောက်လာကြတယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။ လူနာတချို့ဆိုရင် ခြေကျင်လာခဲ့ကြတာလို့လည်းပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်