အမေရိကန်ဟာ ၂၀၁၉ ခုနှစ် Bangladesh ဆိုင်ရာ ကုလသမဂ္ဂ တုံ့ပြန်ဆောင်ရွက်ရေးပူးတွဲ အစီအစဉ်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုမှာကူညီမယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က Switzerland နိုင်ငံ Geneva မြို့ကနေ ကြေညာခဲ့ပါတယ်။
အခု ၂၀၁၉ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံလိုက်ပါတယ်။
အမေရိကန်မေဂျာလိဂ်က LA Galaxy အသင်းကတော့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း (David Beckham) ရဲ့ ပုံတူရုပ်တုထုလုပ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းက ရွာအတော်များများမှာ ဈေးပေါပေါနဲ့ရတဲ့ အရက်အတုတွေ သောက်မိရာကနေ ၃၉ ယောက် ထက်မနည်း သေဆုံးပြီး နောက်ထပ် ၂၇ ယောက် ကတော့ နာမကျန်းဖြစ်ကုန်ကြတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့သမီး Ivanka Trump အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီးတွေ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရအောင် ကူညီပေးမယ့်အစီအစဉ်အပေါ် ထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံက လက်ရှိသမ္မတ နီကိုလာစ် မာဒူရိုကို ဖြုတ်ချရေးမှာ အမေရိကန်ရဲ့ စစ်အင်အားနဲ့လုပ်ဆောင် နိုင်မယ့် အခြေအနေတွေရှိလာနေတာနဲ့ တပြိုင်တည်း စစ်အင်အား အသုံးပြုမှုကြောင့် အများပြည်သူတွေ ထိခိုက်ဆုံးရှုံးမယ့်အရေး အပေါ်မှာလည်း စိုးရိမ်မှုတွေက တိုးလာနေပါတယ်။
ရခိုင်ဒေသတွင်း စစ်တပ်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ရခိုင် မြောက်ပိုင်းဒေသတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့လုပ်ငန်းတွေကို သီတင်းပတ်နဲ့ချီ ရွှေ့ဆိုင်း ထားတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုကြတဲ့ အမေဇုန်အွန်လိုင်း လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ် Jeff Bezos က သူ့ရည်းစားနဲ့ တရင်းတနှီးနေထိုင်တဲ့ ဓာတ်ပုံတွေ၊ ကိုယ်ရေး ကိုယ်တာ ပေးပို့ထားတဲ့ စာသားတွေကို National Enquirer စာစောင်က ပုံနှိပ်ဖော်ပြမယ် လို့ ခြိမ်းခြောက် ငွေညှစ်ခဲ့ကြောင်း စွပ်စွဲလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ နွေဦးပြန်ဝင်လို့ တိုက်ပွဲတွေဖြစ်တဲ့ ရာသီမတိုင်ခင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ကြားက ခြံစည်းရိုးအပေါက်အပြဲတွေနဲ့ နယ်စပ်တဝက်နီးပါးကို တံတိုင်းကာမယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။
အမေရိကန်ကို တက္ကသိုလ်အတုတွေနဲ့ ကျောင်းသား Visa ရအောင်လုပ်ပြီး လာကြတဲ့ နိုင်ငံခြားသား ၁၃၈ ယောက်ကို ရဲကဖမ်းဆီးခဲ့ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့ အစိုးရတာဝန်ရှိသူတယောက်က VOA ကိုပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆယ်စုနှစ်တွေနဲ့ချီ ရှိနေခဲ့တဲ့ မဟာဗျူဟာမြောက် နြူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာလိုက်တဲ့အတွက် လက်နက် ပြိုင်ဆိုင်မှုအသစ်တွေ ပေါ်ပေါက်လာမှာ စိုးရိမ်မှုတွေလည်း ကြီးထွားလာပါတယ်။
Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက် ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချထားတဲ့အပေါ် တရားလွှတ်တော် ချုပ်မှာ ဒီကနေ့ပဲ အယူခံတင်သွင်းလိုက်ပါ တယ်။
ဘရာဇီလ်းနိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းက ရေကာတာပြိုကျပြီး မြေပြိုခဲ့တာကြောင့် သေဆုံးသူ ၃၄ ယောက်ထိ ရှိလာပြီး ရေကာတာ ပြိုကျပြီး ရေကြီးနေတဲ့ ဒေသတွေမှာ ပိတ်မိနေသူ ၃၀၀ လောက် ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်တင်းနစ်ကစားသမား Naomi Osaka ကတော့ သြစတြေးလျအိုးပင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ မဲလ်ဘုန်းမြို့မှာ ဒီကနေ့ကျင်းပတဲ့ သြစတြေးလျအိုးပင်း အမျိုးသမီးတဦးချင်းဖိုင်နယ်ကို ဒီကနေ့ ကစားကြတာမှာ ကမ္ဘာ့အဆင့် ၄ Naomi Osaka က ချက်နိုင်ငံ အဆင့် ၆ Petra Kvitova ကို နိုင်ပြီး ချန်ပီယံဖြစ်သွားပါတယ်။
ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအစီအစဉ်တခုအဖြစ် ပနားမားနိုင်ငံမှာ ရောက်နေတဲ့ ကက်သလစ် သာသာနာ ပိုင် ပုပ်ရဟန်းမင်းကြီး Francis က အမေရိကန်နဲ့ မက္ကစီကို နယ်စပ်မှာ တံတိုင်းကာဖို့ တလျှောက်လုံး ပြောဆို နေတဲ့ သမ္မတ Donald Trump အပေါ် ဝေဖန်လိုက်ပါတယ်။
ဘရာဇီးနိုင်ငံ သတ္တုတူးဖော်ရေးလုပ်ငန်း ရေကာတာတခုပြိုကျခဲ့တာကြောင့် ၉ ယောက်ထက်မနည်း သေဆုံးပြီး ခန့်မှန်းခြေအားဖြင့်၃၀၀ ကျော်လောက် ပျောက်ဆုံးနေပါတယ်။ ဒီရေကာတာပြိုကျမှုကြောင့် အဲဒီအနီး ပတ်ဝန်းကျင်မှာလည်း ရွှံရေတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။
အမေရိကန်သမ္မတရဲ့လူယုံလည်းဖြစ်၊ Trump ရွေးကောက်ပွဲစည်းရုံး အကြံပေးလည်းဖြစ်တဲ့ Roger Stone ကို ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့သလားဆိုတာစုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူးရုံးကနေ ပြစ်မှု ၇ မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို Bangladesh ဘက် မသွားသွားအောင် အစွန်းရောက်ဒေသခံတွေနဲ့ လုံခြုံရေးတွေက လုပ်နေတယ်လို့ မြန်မာနိုင်ငံလူ့ အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကပြောကြား လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဘာလီဗုံးခွဲသူတွေ နဲ့ တခြားစစ်သွေးကြွတွေ ယုံကြည်လေးစားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Abu Bakar Bashir ဟာ သူ့ရဲ့ အစွန်းရောက်အယူအဆကို စွန့်မယ်ဆိုတဲ့အချက်ကြောင့် သမ္မတဝီဒိုဒိုက လျော့ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်